အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအား စစ်ရာဇ၀တ်သားအဖြစ် တရားစွဲမည်ဟုအာဒိုဂန်ဆို

0
150

အစ္စတန်ဘူလ်၊ဒီဇင်ဘာ ၄

တုကီယေးသမ္မတအာဒိုဂန်သည် အနောက်အုပ်စု၏ အစ္စရေးသို့ပံ့ပိုးပေးမှုအား ပြစ်တင်ဝေဖန်သကဲ့သို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည်လည်း ဂါဇာသို့ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ရာဇဝတ်မှုကျူးလွန်သူအဖြစ် တရားစွဲဆိုခံရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆယ်စုနှစ်တစ်ခုကြာရှိနေပြီဖြစ်သည့် အစ္စရေး – ပါလက်စတိုင်းအရေးအတွင်း ပါလက်စတိုင်းအား လွတ်လပ်စွာခွဲထွက်ဖို့အားပေးသော တုကီယေးသည် ဟားမတ်စ်တို့တိုက်ခိုက်မှုကြောင့်စတင်ခဲ့သည့် ယခုပဋိပက္ခတွင် အစ္စရေး၏ဂါဇာအပေါ်တိုက်ခိုက်မှုများကိုသာပြစ်တင်ဝေဖန်ခဲ့သည်။

ဟားမတ်စ်စစ်သွေးကြွများသည် အောက်တိုဘာ ၇ ရက်က အစ္စရေးသို့ ဒုံးကျည်ပေါင်း ၂,၀၀၀ ကျော်ဖြင့်ပစ်ခတ်ကာ စတင်တိုက်ခိုက်ခဲ့သဖြင့် အစ္စရေးနိုင်ငံသားထောင်ချီ‌ေ-သဆုံးခဲ့ရသည့်အပေါ် အစ္စရေးအစိုးရကတုံ့ပြန်တိုက်ခိုက်ရာ အစ္စရေးတို့၏ လေကြောင်းနှင့်ကြည်းကြောင်းတိုက်ခိုက်မှုများကြောင့် ယနေ့အထိ ပါလက်စတိုင်းဒေသခံပေါင်း ၁၅,၅၀၀ ‌ေ-သဆုံးခဲ့ပြီဟုဆိုသည်။

အစ္စတန်ဘူလ်၌ပြုလုပ်သည့် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကော်မတီအစည်းအဝေး မိန့်ခွန်းတွင် အာဒိုဂန်က အစ္စရေးကိုထောက်ခံသည့် အနောက်နိုင်ငံများသည်လည်း ကလေ-းငယ်များအား သ-တ်ရန် ခြွင်းချက်မရှိပံ့ပိုးပေးနေခြင်းဖြစ်ပြီး အစ္စရေး၏ ရာဇ၀တ်မှုများတွင်ပါဝင်ပတ်သက်နေခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here