အိန္ဒိယတောင်ပိုင်း၌ မိကျောင်းအမည်ရှိဆိုက်ကလုန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံကာ လူ ၈ ဦး‌ေ-သဆုံး

0
115

ချန်နိုင်း၊ဒီဇင်ဘာ ၅

အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ဆိုက်ကလုန်းမုန်တိုင်းမိကျောင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ လူရှစ်ဦး‌ေ-သဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါဆိုက်ကလုန်းမုန်တိုင်းသည် အင်္ဂါနေ့နှောင်းပိုင်းတွင် အန်ဒရာပရာတပ်ရှ်ပြည်နယ်ကမ်းရိုးတန်းသို့ ပြင်းထန်သောဆိုင်ကလုန်းမုန်တိုင်းအဖြစ်ဝင်ရောက်တိုက်ခတ်နိုင်သည်ဟုလည်းခန့်မှန်းထားသည်။

ချန်နိုင်းတွင်လည်း မော်တော်ကားများပါရေနစ်မြုပ်လျက်ရှိပြီး အိမ်များလည်းရေမြုပ်နေကာ မြို့တွင်းလမ်းများတွင်ပါ မိကျောင်းတစ်ကောင်သွားလာနေသည်ကိုမြင်တွေ့ရကြောင်းလည်းဖော်ပြထားသည်။

“လက်ရှိမှာကျွန်တော်တို့ဟာ အဆိုးရွားဆုံးမုန်တိုင်းရဲ့ဒဏ်ကိုခံနေရတာပါ” ဟု တမီနာဒူးလ်ဝန်ကြီးချုပ်ကဆိုခဲ့ပြီး ယနေ့အထိ လူရှစ်ဦး‌ေ-သဆုံးခဲ့ပြီဖြစ်သည်ဟုလည်းရဲအရာရှိများကပြောကြားခဲ့သည်။

‌ေ-သဆုံးသူများထဲတွင် အချို့မှာရေနစ်ခြင်းကြောင့်‌ေ-သဆုံးကာ တစ်ဦးသည် သစ်ပင်ကျိုးကျရာမှပိမိခြင်းဖြစ်ပြီး ကျန်သူများသည် ရေထဲ၌ ရှော့ခ်တိုက်ငါးဖမ်းခြင်းမှဓာတ်လိုက်‌ေ-သဆုံးခဲ့သလို အခြားတစ်ဦးသည် အုတ်တံတိုင်းပြိုကျမှုကြောင့်ပိမိ‌ေ-သဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here