မိကျောင်းအမည်ရှိ ဆိုင်ကလုန်းမုန်တိုင်း တဖြည်းဖြည်းအားလျော့သွားမည်ဟု ဆို

0
161

မိကျောင်းအမည်ရှိ ဆိုင်ကလုန်းမုန်တိုင်း သည် တဖြည်းဖြည်းအားလျော့သွားမည်ကြောင်း မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက အသိပေးထုတ်ပြန်သည်။

ယင်း ထုတ်ပြန်ချက်သည် မိကျောင်း ဆိုင်ကလုန်မုန်တိုင်းအသိပေးချက်အား နောက်ဆုံးအနေဖြင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆိုသည်။

မိုးဇလ၏ အသိပေးချက်တွင် အဆိုပါဆိုင်ကလုန်းမုန်တိုင်း မိကျောင်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် (၁၂)နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာ(၅)ရက် ည(၆)နာရီအချိန်တိုင်း ထွာချက်များအရ အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေ ကိုနီလိုရီမြို့နှင့်မချီလီပတ္တနမ်မြို့တို့အကြား၊ ဘပတ်လမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိကျောင်းသည် မြောက်ဘက်သို့ ရွေ့လျား၍ အားလျော့သွားခဲ့ခြင်းဖြစ် ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here