အင်ဒိုမာရာပီမီးတောင်ပေါက်ကွဲမှုကြောင့် ‌ေ-သဆုံးသူ ၂၂ ဦးအထိရှိလာ

0
165

အာဂမ်၊ဒီဇင်ဘာ ၅

အင်ဒိုနီးရှားရှိ မာရာပီမီးတောင်ပေါက်ကွဲမှုကြောင့် ‌ေ-သဆုံးသူ ၂၂ ဦးအထိရှိလာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူများ၏ပြောကြားချက်အရသိရသည်။

ဆူမားတြားကျွန်းရှိ မာရာပီမီးတောင်သည် တနင်္ဂနွေနေ့ကပေါက်ကွဲခဲ့ရာ ပြာများသည် မီးတောင်အမြင့်ထက် မီတာ ၃,၀၀၀ မြင့်သည်အထိရောက်ရှိခဲ့ကြောင်းသိရသည်။

ကယ်ဆယ်ရေးသမားများသည်လည်းပျောက်ဆုံးနေသော တောင်တက်သမားများအား ရှာဖွေလျက်ရှိရာ ဆယ်ဦးအနက် ကိုးဦးအား‌ေ-သဆုံးလျက်ပြန်လည်တွေ့ရှိရကြောင်းသိရပြီး ၎င်းတို့၏ရုပ်အလေ-ာင်းများကိုသယ်ယူခဲ့ကာ ကျန်တစ်ဦးကိုဆက်လက်ရှာဖွေနေသည်ဟုလည်းဆိုခဲ့သည်။

တောင်ပေါ်သို့တက်သွားသည့်တောင်တက်သမား ၇၅ ဦးအနက် အချို့အား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့သော်လည်း ၎င်းတို့သည် မီးလောင်ဒဏ်ရာနှင့်အရိုးကျိုးကြေဒဏ်ရာများရရှိထားကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here