မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်တွင် (၃) ထပ်တိုက် အပေါ်ဆုံးအထပ်တွင် မီးလောင်မှုဖြစ်ပွား

0
178

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ (၁၀၂) လမ်းနှင့် (၁၀၃) လမ်းကြားတွင် လူနေအိမ် (၃) ထပ် အဆောက်အဦ အပေါ်ဆုံးထပ်တွင် မီးလောင်မှု တစ်ခုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဒီဇင်ဘာ (၆) ရက်၊ နံနက် အစောပိုင်း (၆) နာရီ၊ (၂၅) မိနစ် အချိန်ခန့်က မီးလောင်မှု သတင်းအရ မီးငြှိမ်းသတ်ယာဉ် (၈)စီး၊ မီးသတ်ရေသယ်ယာဉ် (၅)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၆)နာရီ (၄၃) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့ မှ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here