ထိုင်းနိုင်ငံရှိစက်ရုံတစ်ခု၌ မြန်မာအလုပ်သမားတစ်ဦး စက်ကြိ-တ်မိကာ‌ေ-သဆုံး

0
164

ဘန်ကောက်၊ဒီဇင်ဘာ ၅

ထိုင်းနိုင်ငံရှိ စက်ရုံတစ်ခု၌အလုပ်လုပ်နေသည့် အသက် ၂၀ အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ဒီဇင်ဘာ ၄ ရက်၊နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စက်တစ်ခုအတွင်းပိတ်မိကာ အကြိ-တ်ခံရပြီးနောက် အသ-က်ဆုံးရှုံးခဲ့ရသည်ဟု ထိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

တာဝန်ရှိသူများအနေဖြင့် စက်ရုံ၏အင်ဂျင်ခန်းအတွင်းရှိ မတော်တဆဖြစ်ပွားရာနေရာသို့ အမြန်ဆုံး သွားရောက်ခဲ့ကြသော်လည်း ကံမ‌ကောင်းစွာပင်အဆိုပါလုပ်သား‌ေ-သဆုံးခဲ့ရကာ ‌ေ-သဆုံးသူသည်မြန်မာနိုင်ငံသား ဖိုးသောကြာဆိုသူဖြစ်ပြီး ၎င်း၏အလေ-ာင်းကို စက်ထဲမှထုတ်ယူရန်အတွက် ကယ်ဆယ်ရေးသမားများသည် ဟိုက်ဒရောလစ်ဖြတ်စက်အား အသုံးပြုခဲ့ရသည်ဟုလည်းဆိုသည်။

ဖိုးသောကြာသည် အဆိုပါစက်ရုံ၌စက်ပစ္စည်းများ လည်ပတ်နိုင်ရန်အတွက် တာဝန်ယူလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေ့တွင် ၎င်းသည် စက်တစ်ခုအားစစ်ဆေးနေချိန် စက်ကရွေ့လျားအလုပ်လုပ်‌ပြီးနောက် ရုတ်တရက်ရပ်တန့်သွားခဲ့သည်ဟုလည်း‌ေ-သဆုံးသူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် အသက် ၂၃ နှစ်အရွယ်ရှိ ဆွမ်ချိုင်းဟူသောအမျိုးသားကပြောကြားခဲ့သည်။

စက်ရပ်သွားသဖြင့် ဖိုးသောကြာက စက်ကိုဝင်ရောက်စစ်ဆေးနေစဉ် စက်အတွင်း၌၎င်းရှိနေသည်ကို သတိမမူမိဘဲ တစ်စုံတစ်ယောက်က စက်အားအမှတ်မထင်ဖွင့်လိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟုဆွမ်ချိုင်းကခန့်မှန်းခဲ့သည်။

အဆိုပါဖြစ်ရပ်အား ဖော်ထုတ်ရန်အတွက် ရဲတပ်ဖွဲ့က စက်ရုံ၏စီစီတီဗီ မှတ်တမ်းများအား စစ်ဆေးနေလျက်ရှိပြီး စက်ကိုဖွင့်ထားခြင်းရှိမရှိ သိရှိရန်လည်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ယင်းကြေကွဲဖွယ်မတော်တဆမှုအတွက် တွေ့ရှိချက်များအပေါ်မူတည်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟုလည်း ရဲတပ်ဖွဲ့က ကတိပြုထားသည်ဟုသိရသည်။

Source : သည်ထိုင်းဂျား


LEAVE A REPLY

Please enter your comment!
Please enter your name here