MFF AYA Pay Futsal League (I) 2023 ပြိုင်ပွဲ ယနေ့ စတင်ကျင်းပ

0
267

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီမှ ကြီးမှူးကျင်းပသည့် MFF AYA Pay Futsal League (I) ပြိုင်ပွဲကို ယနေ့ ဒီဇင်ဘာ (၆)ရက်တွင် စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ MFF AYA Pay Futsal League (I) 2023 ပြိုင်ပွဲများကို MFF Futsal Stadium တွင် ကျင်းပသွားမည် ဖြစ်ပြီး VUC FC, MIU FC, Dream Team FC, Generations FC, Winner Soccer FC, Futsal Chit Thu FC, M2K FC, Futsal 19 FC, Linn Latt FC, Let Wel Thone Nara FC အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲ၏ ပထမအကျော့ ပွဲစဉ်များကို ဒီဇင်ဘာ (၆)ရက်မှ ဇန်နဝါရီ(၁၁)ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်များကို ဇန်နဝါရီ (၁၄) ရက်မှ ဖေဖော်ဝါရီ (၂၉) အထိကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ MFF AYA Pay Women’s Futsal Championship 2023 ပြိုင်ပွဲကို မနက်ဖြန် ဒီဇင်ဘာ (၇) ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး Divine FC, Yangon Youth FC, Shwe Pyi Thar FC, YRG FC, Burmese Bees FC စသည့် အသင်း‌ပေါင်း (၅)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ပြိုင်ပွဲကို ဒီဇင်ဘာ (၇) ရက်မှ (၂၁) ရက်အထိ အုပ်စုပတ်လည် နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

MFF AYA Pay Futsal League (I) 2023 ပြိုင်ပွဲနှင့် MFF AYA Pay Women’s Futsal Championship 2023 ပြိုင်ပွဲကို တစ်ရက်စာ ကွင်းဝင်ကြေး ၂၀၀၀ ကျပ်ဖြင့်ဝင်ရောက်ကြည့်ရှု အားပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here