ရုရှားကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီများအကြား စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် B2B တွေ့ဆုံ

0
259

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပို့ကုန်တိုးမြှင့်ရေးစင်တာနှင့် ကုန်သွယ်ရေးရုံး၏ ဦးဆောင်မှုဖြင့် ရုရှားစီးပွားရေး လုပ်ငန်းရှင်များပါဝင်သော စီးပွားရေးမစ်ရှင်အဖွဲ့သည် မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် တွေ့ဆုံခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

အဆိုပါ B2B Business-to-business (B2B) Meeting ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် IT နှင့် ပညာရေးကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မော်တော်ကား လုပ်ငန်းများ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ ရုရှားကိုယ်စားလှယ်များနှင့် မြန်မာစီးပွားရေး ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြခြင်းဖြစ် သည်။

နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်မှုသည် ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့သော စီးပွားရေးပုံစံများကို ဖန်တီးနိုင်ပြီး နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကိုလည်းပိုမိုခိုင်မာစေမည့် လုပ်ငန်းများကို ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here