ဗိုလ်တထောင် စေတီသို့ ပြည်ပခရီးသွားဧည့်သည်လာရောက်မှု သုံးဆကျော်အထိမြင့်တက်လာ

0
192

ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်သို့ ပြည်ပခရီးသွားဧည့်သည် လာရောက်ဖူးမြော်မှု ယခင်နှစ်ထက် သုံးဆကျော် မြင့်တက်ခဲ့ကြောင်း ဗိုလ်တထောင်ဂေါပကအဖွဲ့ထံမှ သိရသည်။

ယခုနှစ်ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ ပြည်ပဘုရားဖူးဧည့်သည် ဝင်ရောက်မှုသည် ယခင်နှစ်နှင့် နှိုင်းယှဥ်ပါက သုံးဆကျော်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် တစ်နှစ်လုံးတွင် ဗိုလ်တထောင်စေတီသို့ ပြည်ပဘုရားဖူး ဧည့်သည်ဝင်ရောက်မှု ၅၀၀၀ ကျော်သာ ရှိပြီး ယခုနှစ် ၁၁ လအတွင်း၌ ၂၀၀၀၀ ဝန်းကျင်အထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ပဘုရားဖူးဧည့်သည်များထဲမှ ထိုင်း၊ ဗီယက်နမ်၊ ရုရှားနိုင်ငံမှ အများဆုံးဖြစ်ပြီး နိုင်ငံပေါင်း (၂၈) နိုင်ငံမှ ခရီးသွားများပါဝင်ကြောင်း သိရသည်။

ထို့အပြင် ဗိုလ်တထောင် စေတီတော်သို့ လာရောက်သည့် ပြည်ပဘုရားဖူး ဧည့်သည်များကိုလည်း ယခုလ ဒီဇင်ဘာ (၁) ရက်ကစပြီး ဝင်ကြေး ကျပ် (၁၀၀၀၀)မှ ကျပ် (၁၅၀၀၀) အထိပြောင်းလဲကောက်ခံနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here