ပြည်မြို့ ဆွေးနွေးဘုရားလမ်းတွင် အမည်မသိ အမျိုးသား တစ်ဦး သွေးများ အန်၍ လမ်းမဘေးလဲကျမှုဖြစ်ပွား

0
216

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်မြို့၊ ဆွေးနွေးဘုရားလမ်း (ကြည်ညွှန့်အနီး)တွင် မြို့ခံ မဟုတ်သည့် အမျိုးသား တစ်ဦး သွေးများအန်၍ လမ်းမဘေးလဲကျမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ယနေ့ ဒီဇင်ဘာ (၆)ရက်၊ နေ့လယ် (၁၂) နာရီအချိန်ခန့်တွင် ပြည်မြို့၊ ဆွေးနွေးဘုရားလမ်းတွင် အမျိုးသားတစ်ဦး သွေးများ အန်၍ လဲကျနေကြောင်း ဒေသခံများက အရေးပေါ် ကူညီပေးပါရန် ဖုန်းဆက်အကြောင်းကြားချက်အရ အသင်းမှ သွားရောက်ကူညီခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ကို အနီးနားက လူတွေ လှမ်းခေါ်တာဗျ။ ပြည်က မဟုတ်ဘူးလို့ ပြောတယ်ဗျ။ ပြည်သူ့ဆေးရုံကြီး ပို့ခဲ့တယ်။ ရောဂါကြောင့်လား ဘာကြောင့်လဲဆိုတာတော့ မသိရဘူးဗျ”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ သွေးများအန်ကာ လဲကျနေသည့် အမည်၊ နေရပ် မသိရှိရသည့် အမျိုးသားတစ်ဦးအား ဆေးကုသမှု ခံယူရန်အတွက် ပြည်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပါရမီ (၃) အရေးပေါ်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here