မြန်မာမြင်းစီး အားကစားမယ် အမျိုးသမီးသုံးဦး ထိုင်းနိုင်ငံသို့ ယနေ့ ထွက်ခွာ

0
187

The 1st FEI. SEA Youth Cup 2023 at the Princess’s Cup Thailand 2023 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမြင်းစီး အားကစားမယ် အမျိုးသမီးသုံးဦး ထိုင်းနိုင်ငံသို့ ယနေ့ ဒီဇင်ဘာ (၆)ရက် မွန်းလွဲပိုင်းတွင် ထွက်ခွာသွားပြီဖြစ်သည်။

အဆိုပါ မြင်းစီးပြိုင်ပွဲကို ဒီဇင်ဘာ (၇)ရက်နေ့မှစတင်၍ (၁၀)ရက်နေ့အထိ လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး၊ မြန်မာမြင်းစီးအားကစားမယ် ကြည်စင်လင်း၊ ရွှန်းလဲ့ဖူးလှိုင်၊ သုသုဇင်တို့က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မြန်မာမြင်းစီးအားကစားမယ် သုံးဦးအနေဖြင့် အသင်းလိုက်တန်းခုန်ပြိုင်ပွဲနှင့် တစ်ဦးချင်းတန်းခုန်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက အသိပေးထားသည်။

၎င်းတို့နှင့်အတူ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဌေးကျော် ၊ ရန်ကုန်တိုင်းမြင်းစီးအသင်း ဥက္ကဋ္ဌ ဦးဇော်လွင်ထွန်းတို့ လိုက်ပါသွားခဲ့ကြကြောင်း သိရသည်။

မြင်းစီးအားကစားမယ်များကို နိုဝင်ဘာ (၂၇ )ရက်က မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် မြင်းစီးအားကစားကွင်း (မြောက်ဒဂုံ)၌ လက်တွေ့တန်းခုန်စွမ်းရည် အရည်အချင်းစစ်ဆေးထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here