ထိုင်းရောက် မြန်မာလုပ်သားများကို လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှ လွှဲပို့ရန် အလုပ်သမာဝန်ကြီး တိုက်တွန်း

0
162

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ မြန်မာအလုပ်သမားများ အလုပ်လုပ်ကိုင်နေသည့် Thai Union စက်ရုံသို့ သွားရောက်ကာ မြန်မာအလုပ်သမားများနှင့် တွေ့ဆုံပြီး သက်ဆိုင်ရာ မိသားစုများထံ ရရှိလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းဖြင့်ပေးပို့ကြရန် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က တိုက်တွန်းပြောကြားခဲ့သည်။

Remittance Management System Application ဖြင့် တရားဝင်လမ်းကြောင်းမှ အလွယ်တကူ ငွေလွှဲနိုင်ရေးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားလှယ်က အခွန် ၂ ရာခိုင်နှုန်းအကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကိုယ်စားလှယ်က EID စနစ်အကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး Mr. Phiphat Ratchakitprakarn နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU)နှင့် အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုး လက်မှတ်ရေးထိုးရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် အမည်စာရင်းတင်သွင်းထားသည့် အလုပ်သမားများကို (ပန်းရောင်ကတ်)ထုတ်ပေးနိုင်ရေး၊ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI)ဖြင့် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်ခလစာများကို မြန်မာနိုင်ငံတွင် ကျန်ရှိသည့် မိသားစုဝင်များထံသို့ တရားဝင်လမ်းကြောင်းမှ လုံခြုံစိတ်ချစွာလွှဲပြောင်းပေးပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံဘက်မှ Visa ကြေးများကို ဖြေလျှော့ဆောင်ရွက်ပေးမှုများအတွက် အသိအမှတ်ပြုကြောင်းလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here