မြန်မာနိုင်ငံ၌ ICRC မှ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနှင့် ပတ်သက်၍ နိုင်ငံခြားရေးဒုတိယဝန်ကြီးနှင့် ICRC တို့ တွေ့ဆုံဆွေးနွေး 

0
160

မြန်မာနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးတို့နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် ICRC တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ထို့သို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် အကူအညီ လိုအပ်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၆) ရက်၊ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here