တပ်မတော် အရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူပုဂ္ဂိုလ်အချို့ကို သူရဘွဲ့အပါအဝင် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်

0
601

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်မတော် အရာရှိများ ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူပုဂ္ဂိုလ်အချို့ကို နစက ဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ (၇) ရက်တွင် အမိန့်ကြေညာချက်အမှတ်(၂၄၂/၂၀၂၃) ဖြင့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမိန့်ကြေညာချက်တွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များ ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့သည့် တပ်မတော်အရာရှိ ဗိုလ်မှူးကြီး (၂) ဦးနှင့် ဒုတိယဗိုလ်မှူးကြီး (၂) ဦးကို စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ (သူရဘွဲ့) ချီးမြှင့်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ သူရဘွဲ့ ချီးမြှင့်ခံရသည့် (၄)ဦးမှာ ဗိုလ်မှူးကြီး အောင်ဇေယျာဝင်း၊ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း၊ဒုတိယဗိုလ်မှူးကြီး စိုင်းကမ္ဘာစိုး၊ ဒုတိယဗိုလ်မှူးကြီး သူရိန်တို့ဖြစ်သည်။

ထို့အပြင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်(၃၅)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သည့် ရဲသူရတံဆိပ်(၅) ဦး၊ ရဲဗလတံဆိပ် (၁၀၃) ဦး၊ စုစုပေါင်း (၁၄၇) ဦးတို့ကို ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here