တောင်ပြုန်း မင်းနှစ်ပါး နတ်နန်းအနီးတွင် မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ (၁၂) လုံးခန့် မီးလောင်ဆုံးရှုံး

0
266

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းကျေးရွာအုပ်စု၊ နန်းကြီးကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားရာမှ အိမ်ခြေ (၁၂) လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ကနဦး သတင်းများအရ သိရသည်။

ဒီဇင်ဘာ(၇)ရက် နံနက် (၁၁)နာရီ (၄၀)မိနစ် အချိန်ခန့်က နန်းကြီးကျေးရွာရှိ တောင်ပြုန်း မင်းနှစ်ပါး နတ်နန်းအနီးမှ နေအိမ်များ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်နေရာသို့ အောင်မြေသာစံမြို့နယ် မီးသတ်စခန်း၊ မတ္တရာမြို့နယ် မီးသတ်စခန်းနှင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နေ့လည် (၁၂)နာရီ (၃၆)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လည် (၁၂)နာရီ (၄၀)မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူနေအိမ်ခြေ (၁၂)လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကနဦး သတင်းများအရ သိရပြီး ဖြစ်စဉ်အသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ စုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here