ထိုင်း၌ နှစ်ထပ်ခရီးသည်တင် ဘတ်စ်ကားသစ်ပင်ဝင်တိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူများထဲ မြန်မာ (၆) ဦးပါဝင်

0
160

ပြီးခဲ့သည့် ဒီဇင်ဘာ (၅) ရက် နံနက်အစောပိုင်းက ထိုင်းနိုင်ငံ ၊ ပရာကျောက်ခီရီခရိုင်တွင် ဖြစ်ပွားခဲ့သည့် ခရီးသည်တင်နှစ်ထပ် ဘတ်စ်ကားတစ်စီး လမ်းချော်ကာ သစ်ပင်ကို ဝင်တိုက်မိခဲ့သည့် ဖြစ်စဉ်၌ ထိခိုက်ဒဏ်ရာရခဲ့သူများထဲတွင် မြန်မာနိုင်ငံသား (၆) ဦး ပါဝင်နေကြောင်း သိရသည်။

ခရီးသည် (၄၆) ဦးနှင့် ယာဉ်မောင်း/ ယာဉ်နောက်လိုက် (၃) ဦး ပါဝင်သည့် ခရီးသည်တင်ယာဉ်မှာ ဘန်ကောက်မှ ဆွန်ခလာပြည်နယ် နာသာဝီခရိုင်ကို ထွက်ခွာလာခဲ့ရာ Hatwanakom အမျိုးသားဥယျာဉ်အနီးတွင် ယာဉ်မတော်တဆမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူ (၁၆) ဦး ‌ေ-သဆုံးခဲ့ပြီး (၉) ဦးမှာ ထိုင်းနိုင်ငံသားများဖြစ်ကာ ကျန် (၇) ဦးကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရသူ အယောက်(၃၀) ကျော်တွင် မြန်မာ (၆) ဦး ပါဝင်ခဲ့ပြီး လက်ရှိတွင် အဆိုပါ ထိခိုက်ဒဏ်ရာရသူ မြန်မာနိုင်ငံသား (၆) ဦးကို ထိုင်းနိုင်ငံ ထပ်စကဲဆေးရုံနှင့် ပကျွတ်ခီရီခန်ဆေးရုံတို့တွင် ဆေးကုသပေးနေကြောင်း ထိုင်းရောက်မြန်မာ အသိုင်းအဝန်းထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here