တာချီလိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ထောပတ်သီးတန် ၁၀၀၀ တင်ပို့မည်

0
222

ယခုထောပတ်သီးရာသီအတွင်း မြန်မာ့ထောပတ်သီး တန်ချိန် ၁၀၀၀ ခန့်အထိ ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တို့မှ ထွက်ရှိသည့် Hass အမျိုးအစား ထောပတ်သီးကို အများဆုံးတင်ပို့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ တင်ပို့ရန် စီစဉ်ထားပြီး Hass ထောပတ်သီး တစ်ကီလိုဂရမ်လျှင် ကြမ်းခင်းဈေး (၆၀၀၀-၁၀၀၀၀)ကျပ်အတွင်း ရရှိရန် မျှော်မှန်းထားကြောင်းလည်း အသင်းတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

Hass ထောပတ်သီးကြမ်းခင်းဈေးသည် ယခင်လကတည်းက တစ်ကီလိုလျှင် ငွေကျပ် (၄,၀၀၀)ခန့်သာရှိပြီး ယခုရာသီအစတွင် ကြမ်းခင်းဈေးသည် ကျပ် (၆,၀၀၀ -၁၀,၀၀၀) ကြားရှိမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here