မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ပို့ဆောင်နိုင်ရန် စီစဉ်နေ

0
113

မလေးရှားနိုင်ငံ၊ Penang ပြည်နယ်ရှိ Joru ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား(၅၁) ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် တွေ့ဆုံ၍ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

ထို့ပြင် အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှ ကောင်စစ်ဆိုင်ရာ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ် ဦးစိုးကိုကိုသည် ဒီဇင်ဘာ (၁) ရက်တွင် Selangor ပြည်နယ်ရှိ Sungai Buloh အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် မြန်မာနိုင်ငံသား (၃) ဦးအား လည်းကောင်း၊ ဒီဇင်ဘာ (၄) ရက်နေ့၊ နံနက်ပိုင်းတွင် Perak ပြည်နယ် Taiping အကျဉ်းထောင်မှ မြန်မာနိုင်ငံသား (၁)ဦးအားလည်းကောင်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများ အမှုအယူခံဝင်နိုင်မှု အခြေအနေနှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကာ အကျဉ်းထောင်မှ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံ၍ မြန်မာနိုင်ငံသားများအား စောင့်ရှောက်ပေးရေးနှင့် အယူခံဝင်နိုင်ရေးအတွက် ကူညီပေးပါရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here