ဖိလစ်ပိုင်သို့ ကြက်သွန်နီရောင်းချနိုင်ရန် အရည်အသွေးအကဲဖြတ်မည့် စမ်းသပ်တင်ပို့မှု ကနဦးဆောင်ရွက်မည်

0
114

ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာ့ကြက်သွန်နီ တရားဝင်တင်ပို့ရောင်းချနိုင်ရန် အစိုးရချင်း သဘောတူညီမှုစာချုပ် (G-to-G) သဘောတူညီချက်ရရှိရေးအတွက် ကြက်သွန်နီ၏ အရည်အသွေးကို အကဲဖြတ်ရန် အစမ်းတင်ပို့မှုကို ကနဦးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီမှုကို အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် မီးဖိုချောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်း နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့သည် ဖိလစ်ပိုင် နိုင်ငံတကာကုန်သွယ်မှု ကော်ပိုရေးရှင်း (PITC)၊ ဖိလစ်ပိုင် နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ စက်ရုံနှင့်စက်မှုလုပ်ငန်းဗျူရိုတို့နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဒီဇင်ဘာလတွင် ကြက်သွန်နီတန်ချိန် (၂၁,၀၀၀) တင်သွင်းဖွယ် ရှိကြောင်းကို စက်ရုံနှင့် စက်မှုလုပ်ငန်းဗျူရိုက နိုဝင်ဘာလ (၂၇)ရက်တွင် အသိပေး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ခရစ္စမတ်ကာလအတွင်း ကြက်သွန်နီပြတ်လပ်မှုကို ရှောင်ရှားရန်နှင့် ဖြစ်ပေါ်လာနိုင်သော ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် ကြက်သွန်နီပမာဏကို လုံလောက်စွာ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

ကြက်သွန်နီလက်ကျန်များကို ဈေးကွက်သို့ ဖြန့်ဝေပြီးဖြစ်သော်လည်း ကြက်သွန်နီဈေးသည် တစ်ကီလိုဂရမ်လျှင် ပီဆို(၁၀-၂၀)အထိ တက်ခဲ့သဖြင့် မကြာမီတွင် ကြက်သွန်နီများကို လုံလောက်စွာ တင်သွင်းမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ နယ်သာလန် နှင့် နယူးဇီလန်နိုင်ငံတို့မှ ကြက်သွ န်နီများကို တင်သွင်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here