အင်ဒိုမာရာပီမီးတောင်ပေါက်ကွဲမှု‌ေ-သဆုံးသူ ၂၃ ဦးအထိရှိလာ၊ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများရပ်နားလိုက်ပြီဟုဆို

0
127

ဂျာကာတာ၊ဒီဇင်ဘာ ၇

အင်ဒိုနီးရှားရှိ မာရာပီမီးတောင်ပေါက်ကွဲမှုကြောင့် ‌ေ-သဆုံးသူ ၂၃ ဦးအထိရှိလာကာ အင်ဒိုနီးရှားအာဏာပိုင်များသည် မီးတောင်ပေါက်ကွဲမှု၌ ပါဝင်နေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်နားလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၇ ရက် ကြာသပတေးနေ့တွင်တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆူမားတြားကျွန်းရှိ မာရာပီမီးတောင်သည် တနင်္ဂနွေနေ့ကပေါက်ကွဲခဲ့ရာ ပြာများသည်မီးတောင်အမြင့်အထက် မီတာ ၃,၀၀၀ အထိရောက်ရှိခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားစဉ် တောင်တက်သမား ၇၅ ဦးသည် မီးတောင်ပေါ်သို့ရောက်ရှိနေချိန်လည်းဖြစ်သည်။

၎င်းတို့အနက် လူအယောက် ၂၀ အား ကယ်ဆယ်ရေးအဖွဲ့များက အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သော်လည်း ၂၃ ဦးမှာမူ‌ေ-သဆုံးသွားကြောင်းသိရပြီး ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ်အချိန်တစ်လျှောက်လည်း မီးတောင်ပေါက်ကွဲမှုမှဖြစ်ပေါ်လာသောပြာများနှင့် ရာသီဥတုဆိုးရွားမှုများကြောင့် ကယ်ဆယ်ရေးလုပ်သားများ ပင်ပမ်း ဆင်းရဲစွာဆောင်ရွက်ခဲ့ရသည်ဟုလည်းဆိုသည်။

မီးတောင်ပေါက်ကွဲမှုကြောင့်‌ေ-သဆုံးသူအားလုံးကိုလည်းရှာတွေ့ပြီဖြစ်ကာ နောက်ဆုံးကျန်ရှိနေသူတစ်ဦးကိုလည်း ‌ေ-သဆုံးလျက်ပြန်တွေ့ခဲ့ရသည်ဟုအာဏာပိုင်များကပြောကြားခဲ့သည်။

ထို့ကြောင့် ရှာဖွေကယ်ဆယ်မှုအားရပ်တန့်လိုက်ပြီဖြစ်သော်လည်း မိမိတို့၏မိသားစုဝင်ဆွေမျိုးများအား ရှာဖွေလိုသည့်မိသားစုများလည်းရှိနေသေးသည့်အတွက် အရေးပေါ်ဆောင်ရွက်ရေးဌာနတစ်ခုကို ဆက်လက်ထားရှိဦးမည်ဖြစ်ပြီး မိမိ၏မိသားစုဝင်အားရှာဖွေလိုပါက လိုအပ်သောအချက်အလက်များယူဆောင်လာပြီး အကူညီတောင်းနိုင်ကြောင်းလည်းပြောကြားခဲ့သည်။

မာရာပီမီးတောင်သည် ဆူမားတြားရှိမီးတောင်ရှင်တစ်ခုဖြစ်ပြီး အင်ဒိုနီးရှားကျွန်းဆွယ်ရှိမီးတောင် ၁၃၀ နီးပါးအနက်တစ်ခုအပါအဝင်လည်းဖြစ်သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here