၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် လေးသိန်း တင်ပို့ရန် ရှိနေ

0
193

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ရော်ဘာတန်ချိန်‌ လေးသိန်းခန့် တင်ပို့ နိုင်ရေးလျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

ယင်းအနက် (၇၅ %)ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်တို့က မြန်မာ့ရော်ဘာကို ဝယ်ယူနေကြခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရော်ဘာ တင်ပို့မှုမှ နိုင်ငံခြားငွေ ရရှိမှုသည် ၂၀၁၈ -၂၀၁၉ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ သန်း ၄၅၀ အကြား ရရှိနေသည်ဟု ဆိုသည်။

နိုင်ငံတစ်ဝန်းတွင် ရော်ဘာစိုက် ဧက ပေါင်း ၁ ဒဿမ ၆၄ သန်းကျော်ရှိပြီး ထုတ်လုပ်ဧက ၉ သိန်းခွဲခန့် ရှိကာ တစ်နှစ်ပျမ်းမျှအထွက်နှုန်း တန်ချိန် လေးသိန်း ဝန်းကျင်ရှိကြောင်း စာရင်းများအရ သိရသည်။

ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဒေသများမှာ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင် ပြည်နယ်တို့မှ ထွက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here