မြဝတီကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာ ပထမပတ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄၆၁ သန်း ကုန်သွယ်နိုင်ခဲ့

0
193

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်၏ ကုန်သွယ်ရေးကဏ္ဍအဓိကျသည့် မြဝတီကုန်သွယ်ရေးဇုန်မှ ယခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ (၄)ရက်နေ့အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄၆၁ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုတွင် ပို့ကုန် အနေဖြင့် အမေရိကန်ဒေါ်လာ ၀ ဒဿမ ၃၈၃ သန်း၊ သွင်း
ကုန် အနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၀၇၈ သန်းကုန်သွယ်နိုင်ခဲ့ပြီး၊ စုစုပေါင်း ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄၆၁ သန်း ရရှိထားကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာန၏ စာရင်းများအရ သိရသည်။

ပို့ကုန်တင်ပို့ရာ၌ လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ မတ်ပဲ၊ ချင်းခြောက်၊ ပြောင်းမှုန့်၊ နနွင်းတက်၊ မကျည်းသီး (အစေ့ပါ)၊ ငါးဖမ်းပိုက်၊ ပုလင်းကွဲ၊ တောထန်းမြစ်ခြောက်တို့ကို တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရေထွက်ပစ္စည်းများဖြစ်သော ငါးကြင်းဆီဖောင်းခြောက်၊ ကဏန်း၊ ပုစွန်၊ ငါးကြိတ်သား၊ ငါးပါးလျှပ်၊ ငါးမွှေထိုး၊ ကျောက်ငါး၊ ငါးသင်ဖြူး၊ ငါးခွေးလျှာနှင့် တွင်းထွက်ပစ္စည်းများ ဖြစ်သော ခဲ/သတ္တုများ၊ CMP ပစ္စည်းများကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှတဆင့် သွင်းကုန်ပစ္စည်းတင်သွင်းရာ၌ တိရစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဓာတ်မြေဩဇာ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုတ်ဆေး၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့သည်ဟု စီးပွားကူးသန်းဝန်ကြီး ဌာန၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here