နှစ်ပေါင်း ၂၆ နှစ်ကျော်တင်ရှိထားသည့် သုံးဆင့်ခုန်ပြိုင်ပွဲ စံချိန်ကို ယခုနှစ်တွင် သာလွန်ကောင်းမွန်ပြီး စံချိန်သစ်တင်နိုင်ခဲ့

0
118

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲတွင် နှစ်ပေါင်း ၂၆ နှစ်ကျော်တင်ရှိထားသည့် သုံးဆင့်ခုန်ပြိုင်ပွဲ စံချိန်ကို ယခုနှစ်တွင် သာလွန်ကောင်းမွန်ပြီး စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (အမျိုးသား) သုံးဆင့်ခုန်ပြိုင်ပွဲတွင် ဟိန်းထက်အောင် (ပြည်ထဲရေး)၏ စံချိန်(၁၄.၉၉)မီတာသည် (၁၉၉၇)ခုနှစ်တွင် ကျော်ကျော်ဝင်း(သစ်တော) ၏ စံချိန်(၁၄.၉၁) မီတာထက် သာလွန်ကောင်းမွန်ပြီး စံချိန်သစ်တင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့အတူ (အမျိုးသား) လှံတံပစ်ပြိုင်ပွဲတွင် နန်းထက်မောင်(အား/ကာ)၏ စံချိန်(၆၇.၂၄)မီတာသည် ကျော်စွာမိုး(စည်ပင်)၏ မြန်မာပြည်စံချိန် (၆၇.၂၃)မီတာနှင့် ဝန်ကြီးဌာနစံချိန် (၆၆.၂၉)မီတာထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ်နှင့် ဝန်ကြီးဌာန စံချိန်သစ်အား အသီးသီးစံချိန်သစ်များ တင်နိုင်ခဲ့ကြောင်း သိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်မှ (၈)ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ပြီး အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအသင်းနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ကို အသီးသီး ဆုဖလားများပေးအပ်ခဲ့ကာ ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများနှင့် စံချိန်သစ်တင်နိုင်ခဲ့ကြသူများကို ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here