ရေနံထွက်ပစ္စည်းများ ဂါလံ ၅၀ ထက် သိုလှောင်/သယ်ယူပါက အရေးယူခံရမည်

0
421

လိုင်စင်မရှိဘဲ ရေနံထွက်ပစ္စည်းများကို ဂါလံ (၅၀) ထက် သိုလှောင်ခြင်း၊ သယ်ယူခြင်း စစ်ဆေးတွေ့ရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ စတင်၍ လိုင်စင်မရှိဘဲ ရေနံထွက်ပစ္စည်းများကို ဂါလံ (၅၀) ထက် သိုလှောင်ခြင်း၊ သယ်ယူခြင်း စစ်ဆေးတွေ့ရှိပါက သိန်း (၅၀) ထိ ငွေဒ ဏ် သို့မဟုတ် ထောင်ဒဏ် (၁)နှစ်ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်ရာပစ္စည်းများကို ပြည်သူပိုင်ဘဏ္ဍာအဖြစ် သိမ်း‌ဆည်းခံရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန ၊ လုပ်ငန်းတာဝန်များအရ လုပ်ငန်းလိုင်စင်များ ခွင့်ပြုထုတ်ပေးခြင်း၊စောင့်ကြည့်ထိန်းသိမ်းခြင်း၊ကြီးကြပ်စိစစ်ဆေးခြင်းများ ဆောင်ရွ က်လျက်ရှိရာ နောက်ဆက်တွဲပါ ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ပြည်တွင်း၌ သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် သိုလှောင်ခြင်းပြုလုပ်လိုသူသည် စုစုပေါင်း ဂါလန် (၅၀) ထက်ပိုမိုထားရှိပါက လိုင်စင်ရယူရမည်ဟု သိရသည်။

ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ အရ “မည်သူမျှဤဥပဒေအရ လိုင်စင်ရယူရန် လိုအပ်သည့်လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာလိုင်စင်ရရှိခြင်း၊ မရှိဘဲလုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ”ဟု ပြဌာန်းထားပါသဖြင့် ၂၀၂၃ ဒီဇင်ဘာ (၁၀) ရက်မှစ၍ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန လုပ်ငန်းတာဝန်များအရ လိုင်စင်မဲ့သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်သည်ဟု အသိပေးဖော်ပြထားသည်။

ထို့ပြင် လိုင်စင်လျှောက်ထားရယူလိုပါက ဌာနအနေဖြင့် လုပ်ထုံးလုပ်နည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here