နှစ်လအတွင်း ရန်ကုန်ဈေးကွက်သို့ ပန်းဂဏန်း ပိဿာချိန်ပေါင်း တစ်သိန်းကျော် တင်ပို့နိုင်ခဲ့ ဟုဆို

0
243

နှစ်လအတွင်း လပွတ္တာမှတဆင့် ရန်ကုန်ဈေးကွက်သို့ ပင်လယ်ပန်းဂဏန်း ပိဿာချိန် ၁၂၂,၀၀၀ အထိ တင်ပို့နိုင်ခဲ့သည်ဟု ဧရာဝတီတိုင်း ရေထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းသို့ တင်ပို့ရာ၌ ရန်ကုန်မြိုသို့ လစဉ် ပုံမှန်တင်ပို့လျှက်ရှိပြီး၊ စက်တင်ဘာလအတွင်း ပင်လယ်ပန်းကဏန်း ပိဿာချိန် ၄၇,၀၀၀ ၊ အောက်တိုဘာလအတွင်း ပန်းကဏန်းပိဿာချိန် ၇၅,၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဈေးကွက်အတွင်း ပင်လယ်ပန်းဂဏန်း အဝယ်လိုက်လျှက်ရှိပြီး၊ ယင်းသည် ပြည်တွင်းတွင်သာမက ပြည်ပ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ထို့ကြောင့် လပွတ္တာအတွင်းရှိ ရေလုပ်သားများအပြင် ကုန်သည်များနှင့်ရေထွက်ကုန်ပစ္စည်း အငှားသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းရှင်များ အဆင်ပြေလျှက်ရှိသည်ဟုဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here