ရာသီမပြီးဆုံးခင်မှာပင် မြန်မာနေရှင်နယ်လိဂ် (၄) ကြိမ်ဆက်တိုက် ပထမရသည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ရှမ်းယူနိုက်တက်

0
130

မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ရာသီမပြီးဆုံးခင်မှာပင် မြန်မာနေရှင်နယ်လိဂ် သမိုင်းတလျောက် (၄) ကြိမ်ဆက်တိုက် ပထမရသည့် အသင်းအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

ယနေ့ ဒီဇင်ဘာလ (၉) ရက်ညနေက ရှမ်းယူနိုက်တက်အသင်းသည် ကချင်အသင်းကို  ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပြိုင်ပွဲပြီးဆုံးရန် (၁) ပွဲသာ ကျန်တော့သည့် အချိန်တွင် အဆင့် (၂) မှ အနီးဆုံး ပြိုင်ဘက် ရန်ကုန်ယူနိုက်တက်အသင်းကို (၉) မှတ်တိတိ (ရန်ကုန်မှ တစ်ပွဲလျော့) ဖြတ်ထားနိုင်ခဲ့သည့်အတွက် Myanmar National League ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ကာ (၄) ကြိမ်ဆက်တိုက် ချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်သမိုင်းတွင် ချန်ပီယံဆုကို အသင်းသုံးသင်းကသာ ရရှိဖူးပြီး ရန်ကုန်အသင်းက (၅)ကြိမ်၊ ရတနာပုံအသင်းက (၄)ကြိမ် ဗိုလ်စွဲခဲ့ကာ ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်နှင့်ဆိုလျင် (၅)ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်ပြီး ရန်ကုန်နှင့် လိဂ်ဖလားအောင်မြင်မှုခြင်း တူညီသွားပြီဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံဆုကို ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ရာသီတွင် ရရှိခဲ့ပြီး ၂၀၁၉ နှင့် ၂၀၂၂ ရာသီ၌ ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုရယူနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ပွဲစဥ်ပြီးဆုံးရန် (၁) ပွဲသာကျန်ရှိတော့သည့်အချိန်တွင် ရှုံးပွဲမရှိသေးသည့် အတွက် (၃) နှစ်ဆက် ရှုံးပွဲမရှိ ချန်ပီယံစံချိန်ကိုပါ ရယူနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here