အိမ်ဖြူတော်က တရုတ်နှင့်စစ်ရေးဆွေးနွေးပွဲများပြန်စရန် စိတ်အားထက်သန်နေဟုဆို

0
197

ဝါရှင်တန်၊ဒီဇင်ဘာ ၆

အမေရိကနှင့်တရုတ်တို့သည် နှစ်ဖက်တင်းမာမှုများအားလျှော့ချရန် နှစ်နိုင်ငံခေါင်းဆောင်များသည် ပြီးခဲ့သည့်လတွေ့ဆုံဆွေးနွေးစဉ်က သဘောတူညီခဲ့ကြသည့် စစ်ဘက်ဆိုင်ရာထိပ်သီးစည်းဝေးပွဲများအား ကျင်းပနိုင်ခြင်းမရှိသေးသော်လည်း အမေရိကအနေဖြင့် တရုတ်နှင့်စစ်ရေးဆွေးနွေးပွဲများ စတင်နိုင်ရန်ဆန္ဒရှိကြောင်း အိမ်ဖြူတော်ကထုတ်ပြန်ကြေငြာခဲ့သည်။

ယင်းသို့ဆွေးနွေးပွဲများပြုလုပ်နိုင်ခြင်းအားဖြင့် နှစ်နိုင်ငံကြားရှိ မှားယွင်းတွက်ချက်မှုများနှင့် နားလည်မှုလွဲမှားခြင်းများ အဆင်ပြေသွားနိုင်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ မစ္စတာဂျွန်ကာဘီကပြောကြားခဲ့သည်။

သို့သော် ယင်းသို့စစ်ရေးဆိုင်ရာဆွေးနွေးမှုများသည် လတ်တလောတွင်မဖြစ်လာနိုင်သေးကြောင်း မစ္စတာဂျွန်ကာဘီကဆက်လက်ပြောကြားခဲ့ပြီး တရုတ်အနေဖြင့် အောက်တိုဘာလက ရာထူးမှဖြုတ်ချခံခဲ့ရသော တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာလီရှန်ဖူ၏နေရာတွင် အစားထိုးခန့်အပ်သူကာကွယ်ရေးဝန်ကြီးမရှိသေးသောကြောင့်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်အစိုးရနေဖြင့်လည်း နှစ်နိုင်ငံကြားဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများအတွက် နှစ်ဖက်စစ်ရေးဆက်ဆံမှုဆိုင်ရာဆွေးနွေးပွဲများဖော်ဆောင်သွားရန် ပြင်းပြသောဆန္ဒရှိနေသဖြင့် ကာကွယ်ရေးဝန်ကြီးအမြန်ဆုံးခန့်အပ်စေလိုကြောင်းပါထုတ်ဖော်ပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here