The 1st FEI. SEA Youth Cup 2023 ပြိုင်ပွဲ မြန်မာ့မြင်းစီးအားကစားမယ်များ အသင်းလိုက်စတင်ယှဉ်ပြိုင်

0
196

ထိုင်းနိုင်ငံ၌ကျင်းပလျှက်ရှိသည့် The 1st FEI. SEA Youth Cup 2023 ပြိုင်ပွဲတွင် ယမန်နေ့ ဒီဇင်ဘာ (၉)ရက်က မြန်မာ့ မြင်းစီးအားကစားမယ် သုံးယောက်အသင်းလိုက် စတင် ဝင်ရောက်ယှဉ်ပ်ြုင်နေပြီဖြစ်သည်။

ပြိုင်ပွဲတွင် ကြည်စင်လင်း၊ ရွှန်းလဲ့ဖူးလှိုင်၊ သုသုဇင်တို့အနက် ရွှန်းလဲ့ဖူးလှိုင်က အသင်းလိုက် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ကြည်စင်လင်း၊ ရွှန်းလဲ့ဖူးလှိုင်တို့ကလည်း တစ်ဉီးချင်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိသည်။

အဆိုပါ မြင်းစီးပြိုင်ပွဲကို ဒီဇင်ဘာ (၇)ရက်နေ့မှစတင်၍ (၁၀)ရက်နေ့အထိ လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး၊ အိမ်ရှင်ထိုင်းနိုင်ငံ မြင်းစီးအဖွဲ့ချုပ်အပါအဝင် နိုင်ငံပေါင်း (၇)နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here