ရန်ကုန် – မော်လမြိုင် ကားလမ်းတွင် ဆီသယ်ယာဉ် (၁) စီး တိမ်းမှောက်မှုဖြစ်ပွား

0
263

ယနေ့ ဒီဇင်ဘာလ (၁၀) ရက်၊ နံနက် (၁၀) နာရီခန့်အချိန်တွင် ရန်ကုန် – မော်လမြိုင်ကားလမ်း၌ ဆီသယ်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ သင်းထော်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ သင်းထော်ကွေ့တွင် ဆီသယ်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် သထုံမြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီး၊ ကျိုက္ကော်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၈)ရက်တွင်လည်း ပဲခူးမြို့နှင့် ကျော က်ဆည်မြို့ရှောင်လမ်းတွင် စက်သုံးဆီသယ်ယာဉ် (၂) စီး တိမ်းမှောက်ကာ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားချက်အရ သိရသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင်မြို့နယ်အများစု၌ စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နေပြီး နာရီနှင့်ချီကာ တန်းစီဝယ်ယူနေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here