လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာတောင်ဈေးကြီး မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းအားလုံးနီးပါး ဆုံးရှုံး

0
283

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာ တောင်ဈေးကြီးတွင် ယနေ့ ဒီဇင်ဘာ (၁၀) ရက် နံနက်အစောပိုင်းက စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မနက် (၁)နာရီ ဝန်းကျင်လောက်က စပြီးဖြစ်တာပေါ့။ တောင်စျေးကြီး မီးလောင်မှုဖြစ်တာပါ။ ကုန်ပြီ အခုတော့ အကုန်လုံး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းပေါင်း ရာနှင့်ချီ မီးလောင်‌ဆုံးရှုံးခဲ့ရပြီး နေ့လယ်ပိုင်းအထိ မီးငြိမ်းသေးခြင်း မရှိသေးကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားရသည့် အခြေရင်းကို ပေါ် ပြူလာနယူးစ်မှ ဆက်လက်စုံစမ်းနေပြီး လူမှုကွန်ရက်သတင်းများတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာမှ စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ပျံ့နှံ့နေသည်ကို တွေ့ရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် တပ်မတော်နှင့် KNDF ၊ KNPP ပူးပေါင်းအဖွဲ့များကြား ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကပင် စစ်ရေးတင်းမာမှုများဖြစ်ပေါ်နေခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here