အမေရိကန်မှာ အားပြင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် လူ (၆) ဦး‌ေ-သဆုံးကာ ဒါဇင်ချီ ဒဏ်ရာရ

0
1025

အမေရိကန်ပြည်ထောင်စု တင်နက်စီပြည်နယ် အလယ်ပိုင်းမှာ ဒီဇင်ဘာ (၉) ရက်က အားပြင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့မှုကြောင့် လူ (၆) ဦး ‌ေ-သဆုံးကာ နှစ်ဒါဇင်ခန့်ကို ဆေးရုံပို့ခဲ့ရပြီး မြို့အတော်များများရှိ နေအိမ်တွေနဲ့ စီးပွားရေး အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ (၉) ရက်က တင်နက်စီပြည်နယ် အလယ်ပိုင်း မွန့်ဂိုမာရီကောင်တီမှာ လေဆင်နှာမောင်းတစ်ခု မွှေနှောက်မှုအတွင်း ကလေ-းတစ်ဦး အပါအဝင် လူ(၃)ဦး ‌ေ-သဆုံးခဲ့ပြီး ဒဏ်ရာရသူ (၂၃) ဦးကို ဆေးရုံတင်ထားရတယ်လို့ ကောင်တီတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် နက်ရှ်ဗေးမြို့လယ် ရပ်ကွက်တစ်ခုမှာ အားပြင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့မှုကြောင့် လူ(၃)ဦး‌ေ-သဆုံးခဲ့တယ်လို့လည်း နက်ရှ်ဗေး အရေးပေါ်တုန့်ပြန်ရေးစင်တာက ဆိုရှယ်မီဒီယာအကောင့်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နေအိမ်တွေ ပျက်စီးပြိုလဲနေကာ အကျိုးအပဲ့ အပိုင်းအစတွေ ပြန့်ကျဲနေပုံ၊ နောက်တွဲထွန်စက်တစ်စီး အဝေးပြေးလမ်းပေါ် လဲကျနေပုံနဲ့ အဆောက်အအုံနံရံတံတိုင်းတွေ ပြိုကျနေပုံတွေကို ကလာ့ခ်ဗေး မီးသတ်ဌာနက ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပါတယ်။

“စိတ်မချမ်းမြေ့စရာ သတင်းတွေပါပဲ၊ ချစ်ရသူတွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေအတွက် မိမိတို့တွေ ကြေကွဲဝမ်းနည်းရပါတယ်” လို့ ကလာ့ခ်ဗေး မြို့တော်ဝန် ဂျိုးပစ္စက ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

မွန်းလွဲ (၂) နာရီလောက်မှာ လေဆင်နှာမောင်း ဝင်ရောက်တို က်ခတ်ခဲ့ကြောင်းနဲ့ ဒေသတွင်းက အထက်တန်းကျောင်းတစ်ခုမှာ ယာယီခိုလှုံရေးစခန်းဖွင့်လှစ်ထားကြောင်း မွန့်ဂိုမာရီကောင်တီ အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ခဲ့ပြီး ဒေသခံတွေအနေနဲ့ နေအိမ်အတွင်းမှာပဲ နေထိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အမျိုးသား မိုးလေဝသဌာနက တင်နက်စီပြည်နယ်မှာ လေဆင်နှာမောင်းများစွာ တိုက်ခတ်နိုင်ခြေရှိတယ်လို့ သတိပေးချက်ထုတ်ပြန်ထားပြီး လေဆင်နှာမောင်းတစ်လုံး ဝင်ရောက်ခဲ့တဲ့ ကင်တပ်ကီပြည်နယ်မှာ ကွင်းဆင်းစစ်ဆေးမှုတွေလုပ်ဖို့ စီစဉ်နေကြောင်း ဆိုခဲ့ပါတယ်။

ဒီဇင်ဘာ (၉)ရက်ညပိုင်းက တင်နက်စီပြည်နယ်မှာ လူပေါင်း ၈၀၀၀၀ ကျော်လောက် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနဲ့ နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။

Ref: AP


LEAVE A REPLY

Please enter your comment!
Please enter your name here