ရွှေတိဂုံဘုရားသို့ နိုဝင်ဘာလအတွင်း ဘုရားဖူး ၆ သိန်းခွဲကျော် လာရောက်

0
1158

ရွှေတိဂုံစေတီတော်သို့ နိုဝင်ဘာလအတွင်း ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည် ၆ သိန်း ၅ သောင်းကျော် လာရောက်ဖူးမျှော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ သိရသည်။

ယင်းကာလတွင် ဘုရားဖူးလာရောက်မှု အနေဖြင့် သံဃာတော် ၇၀၂၅ ပါး၊ သာသနာ့နွယ်ဝင် သီလရှင်အပါးရေ ၃၃၉၀၊ အမျိုးသား ၂၉၂၁၃၄ ဦး၊ အမျိုးသမီး ၃၄၃၄၅၃ ဦး၊ နိုင်ငံခြားသား ၃၈၃၀ ဦး၊ နိုင်ငံခြားသူ ၄၃၈၈ ဦး စုစုပေါင်း ၆၅၄၂၂၀ ဦး လာရောက်ခဲ့ကြောင်း သိရသည်။

“ဘုရားဖူးလာရောက်မှု အနေနဲ့ဆိုရင် ပုံမှန်ရုံးဖွင့်ရက်တွေမှာ တစ်ရက်ကို လူဦးရေ ၂၀၀၀၀ ဝန်းကျင်ရှိပြီး စနေ၊ တနင်္ဂနွေနေ့တွေမှာဆိုရင် တစ်ရက်ကို လူဦးရေ ၄၀၀၀၀ ကနေ ၅၀၀၀၀ ဝန်းကျင်အထိ လာရောက်ပါတယ်။ နိုင်ငံခြားခရီးသွားဧည့်သည် လာရောက်မှုအနေနဲ့ တစ်ရက်ကို လူဦးရေ ၁၅၀ ဝန်းကျင်လောက်ရှိပြီး တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေကနေ အများဆုံးလာရောက်ကြတာ ဖြစ်ပါတယ်”ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောသည်။

ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်နေ့ တစ်ရက်တည်းတွင် သံဃာတော်အပါးရေ ၇၇၀၊ သီလရှင်အပါးရေ ၄၀၀ အပါအဝင် ဘုရားဖူးဧည့်သည် ၇၃၈၀၈ ဦး လာရောက်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့သည် ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုလျော့နည်းလာသည့်အတွက် ဘုရားဖူးပြည်သူများ လာရောက်ရာတွင် အဆင်ပြေစေရန် မနက် ၅ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here