၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရပါက နေတိုးအဖွဲ့မှ အမေရိကန်နုတ်ထွက်ခြင်းသို့ ဦးတည်သွားနိုင်

0
237

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၂၀၂၄ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရနိုင်ခြေရှိသော်လည်း၊ သူအနိုင်ရခြင်းသည် နေတိုးအဖွဲ့မှ အမေရိကန်နိုင်ငံ နုတ်ထွက်ခြင်းဆီသို့ ဦးတည်သွားနိုင်ကြောင်း New York Times သတင်းစာကြီးက ရေးသားဖော်ပြထားသည်။

နေတိုး အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအများအပြားနှင့် သံတမန်အများအပြားက “ထရမ့် ပြန်လာခြင်းသည် ယူကရိန်းကို စွန့်ခွာရုံသာမက အတ္တလန်တိတ် မဟာမိတ်အဖွဲ့အတွက်လည်း ဆုတ်ယုတ်ခြင်းတို့ကို ဆိုလိုခြင်းဖြစ်နိုင်သည်” ဟု ယခင်က သတိပေးခဲ့သည်။

“ထရမ့်ရဲ့ ဒုတိယအကြိမ်မြောက်သမ္မတရာထူးရသွားရင် နေတိုးကနေ အမေရိကန်ကို အမှန်တကယ် နှုတ်ထွက်စေမှာကို ဥရောပနိုင်ငံတွေက အရမ်းစိုးရိမ်နေပါတယ်” ဟု ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း နေတိုး၏ မဟာမိတ်တပ်မှူးချုပ်ဖြစ်ခဲ့သော အငြိမ်းစား ရေတပ်ဗိုလ်ချုပ် ကြယ်လေးပွင့် ရေတပ်ဗိုလ်ချုပ်ကြီး James Stavridis ၏ ပြောစကားကို ကိုးကား၍ New York Times သတင်းစာကြီးက ရေးသားဖော်ပြခဲ့သည်။

နယူးယောက်တိုင်းမ်သတင်းစာက ဥရောပနိုင်ငံအများစုသည် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရပါက ဖြစ်နိုင်သည့်လမ်းကြောင်းရွေးချယ်မှုနှင့်ပတ်သက်၍ မသေချာကြောင်း ထောက်ပြထားသည်။ ထို့အပြင် နိုင်ငံငယ်များသည် အမေရိကန်ထံမှ လက်နက်များ အမှာစာများ တိုးမြှင့်ခြင်း သို့မဟုတ် ထရမ့်အလိုကျလိုက်လုပ်ကြခြင်းဖြင့် သမ္မတထရမ့်၏ ကျေးဇူးတော်များထဲသို့ ၎င်းတို့နိုင်ငံငယ်များ ဝင်ရောက်ရန် ကြိုးစားမည်ဟု မျှော်လင့်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် သမ္မတရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ကတည်းက လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်သည် သမ္မတလောင်းအဖြစ် ပြန်လည်အရွေးခံမည်ဟု တရားဝင်ကြေညာခဲ့သည်။ ထရမ့်သည် ၎င်း၏ သမ္မတသက်တမ်းအတွက် မဲဆွယ်စည်းရုံးမှုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here