ယခုလအတွင်း ကိုးကန့်ဒေသ စစ်ရှောင်စခန်းအတွက် ယွမ် တစ်သန်းကျော် တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ ရရှိ

0
176

ယခုလအတွင်း ကိုးကန့်ဒေသ စစ်ရှောင်စခန်းအတွက် ယွမ် တစ်သန်းကျော် တန်ဖိုးရှိ ဆန်အပါအဝင် ထောက်ပံ့ရေးပစ္စည်းများရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တစ်ခုထံမှ သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို ဒီဇင်ဘာ(၇)ရက်နေ့က စစ်ရှောင်ကော်မတီသို့ ကုမ္ပဏီများ အခြားအလှူရှင်များ ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှုအရ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ကိုးကန့်ဒေသအတွင်း စစ်ရှောင်များ၏လက်ရှိအခြေအနေသည် အရေးပေါ်အခြေအနေတွင်ရှိနေသေးပြီး၊ ရိက္ခာပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးကြပ်တည်းလျှက်ရှိကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သောရက်ပိုင်းက မိုးရွာသွန်းခဲ့ခြင်းကြောင့် စစ်ရှောင်ပြည်သူများ၏ ရွက်ဖျင်တဲများအတွင်းသို့ ရွှံများဝင်ရောက်ခဲ့သဖြင့် နေထိုင်ရေးမှာလည်းအခက်အခဲဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုးကန့်ဒေသရှိ ရန်လုံကျိုင်း လက်ဖက်ခြောက်စက်ရုံအပါအဝင် အခြား စစ်ရှောင်စခန်း(၁၀၀)နီးပါး ဖွင့်လှစ်ထားရကြောင်း သိရသည်။

ပြီးခဲ့သော အောက်တိုဘာ (၂၇)ရက်မှစတင်ဖြစ်ပွားခဲ့သော ကိုးကန့်ဒေသတွင်းတိုက်ပွဲများ လက်ရှိအချိန်အထိ ဖြစ်ပွားနေပြီး၊ နေရပ်စွန့်ခွာပြည်သူ သောင်းနှင့်ချီ၍ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here