“ရှင်မဟာရဋ္ဌသာရ (၅၅၅) နှစ်ပြည့်” အထူးထုတ် ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် ထုတ်ဝေမည်

0
214

“ရှင်မဟာရဋ္ဌသာရ (၅၅၅) နှစ်ပြည့်” အထိမ်းအမှတ် အနေဖြင့် အထူးထုတ် (၂၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်ကို ဒီဇင်ဘာ (၁၃) ရက်မှ စတင်ပြီး ထုတ်ဝေသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။

ဒီဇင်ဘာ (၁၃) ရက် နံနက် (၉) နာရီခွဲ မှစတင်ကာ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ထုတ်ဝေရောင်းချပေးသွားမည် ဖြစ်သည်။

ထို့အပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၃)ရက် (ဗုဒ္ဓဟူးနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ် အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ငယ်မည် “မောင်မောက်” အမည်ရ အင်းဝခေတ်စာဆိုအကျော် “ရှင်မဟာရဌသာရ” သည် မြန်မာသက္ကရာဇ် ၈၃၀ ခုနှစ် ခရစ်သက္ကရာဇ် ၁၄၆၈ ခုနှစ်တွင် ဖွားမြင်ခဲ့ရာ ယခုနှစ် ၂၀၂၃ ခုနှစ်တွင် (၅၅၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here