ထိုင်းနိုင်ငံသားတစ်ဦးပြောပြတဲ့ ဓ-ါးစာခံဘဝရက် ၅၀

0
328

အူဒွန်ထနီ၊ဒီဇင်ဘာ ၁၀

အောက်တိုဘာ ၇ ရက်ကစတင်ခဲ့သော အစ္စရေး – ဟားမတ်စ်တိုက်ပွဲအတွင်း ဟားမတ်စ်တို့၏ ဓ-ါးစာခံအဖြစ်ဖမ်းဆီးခြင်းခံသွားရသည့် ထိုင်းနိုင်ငံသား Manee Jirachart က ဓ-ါးစာခံဘဝရက် ၅၀ အတွေ့အကြုံများအားပြန်လည်ပြောကြားခဲ့သည်။

တိုက်ခိုက်မှုစတင်ဖြစ်ပွားသည့် အောက်တိုဘာ ၇ ရက် နံနက်အစောပိုင်း၌ လေကြောင်းသတိပေးချက်အသံများစတင်ကြားရသဖြင့် ဘန်ကာထဲသို့ပြေးဝင်ခိုခဲ့ပြီးပြန်ထွက်လာခဲ့သည်ဟုဆိုသည်။

ယင်းနောက် ဒုတိယအကြိမ်လေကြောင်းအချက်ပေးသံကြောင့် ဘန်ကာသို့ထပ်ပြေးချိန်၌ ဟားမတ်စ်တို့၏ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟုလည်းသိရသည်။

ယင်းနောက်ကားတစ်စီးဖြင့်ခေါ်ဆောင်သွားခြင်းခံရပြီး အဆိုပါကားထဲ၌ စုစုပေါင်းထိုင်းနိုင်ငံသား ၆ ဦးရှိပြီး နှစ်ဦးကိုသ-တ်ပစ်လိုက်သည်ဟုဆိုသည်။

၎င်းအပါအဝင် ကျန်ထိုင်းနိုင်ငံသားလေးဦးနှင့်အခြား ဓ-ါးစာခံများအား ဂါဇာသို့ခေါ်ဆောင်သွားပြီး မြေအောက်ဥမင်အတွင်း အကျဉ်းထောင်သဘောမျိုးလုပ်ထားသည့်နေရာ၌ မလွတ်မြောက်ခင်အချိန်အထိ ရက်ပေါင်း ၅၀ ခန့်နေထိုင်ခဲ့ရသည်ဟုလည်းဆိုသည်။

စတင် ဖမ်းမိချိန်၌ ၎င်းအားဖမ်းဆီးသည့်ဟားမတ်စ်အဖွဲ့ဝင်က ရိုက်နှက်မှုများရှိခဲ့သည်ဟုလည်းဆိုသည်။ မစ္စတာ Manee က အိမ်ပြန်ချင်ကြောင်းပြောသောအခါ အစ္စရေးဗုံးကျဲမှုရပ်သွားသည်နှင့် ပြန်ခွင့်ပြုမည်ဟုဆိုကြောင်းလည်းပြောကြားခဲ့သည်။

ယင်းနောက်၎င်းအား အစ္စရေး – ဟားမတ်စ်အပစ်အခတ်ရပ်စဲရေးကာလအတွင်း ပထမဆုံးလွှတ်ပေးသည့် ဓ-ါးစာခံအသုတ်တွင် ထည့်၍လွှတ်ပေးလိုက်ခြင်းလည်းဖြစ်သည်ဟုဆိုသည်။

အစ္စရေး၌ ထိုင်းနိုင်ငံသား သုံးသောင်းကျော်ခန့် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖြင့်အလုပ်လုပ်ကိုင်လျက်ရှိပြီး ယခုပဋိပက္ခဖြစ်ပွားချိန်တွင် ထိုင်းအစိုးရအကူအညီဖြင့် လူပေါင်း ၉,၀၀၀ ကျော်အား နေရပ်ပြန်ခေါ်လာနိုင်ပြီးဖြစ်ကာ ပြန်ရောက်လာသူများအားကူညီသည့်အနေဖြင့် ထိုင်းအစိုးရက လျော်ကြေးနှင့်အတိုးငွေသက်သောင့်သက်သာဖြင့်ချေးယူနိုင်သည့်ချေးငွေများပါထုတ်ချေးသွားမည်ဖြစ်သည်ဟုလည်းဆိုသည်။

မစ္စတာ Marnee အပါအဝင် ထိုင်းနိုင်ငံသားအများစုသည် မိမိတို့နိုင်ငံသို့ပြန်လာကြသော်လည်း အချို့လုပ်သားများမှာမူ လစာကောင်းကောင်းရသည့်အတွက် ပြန်မလာဘဲ အစ္စရေးတွင်အလုပ်ဆက်လုပ်နေသည်ဟုဆိုသည်။

မစ္စတာ Marnee အနေဖြင့်လည်း အခြေနေများတည်ငြိမ်သွားပါက အချိန်မရွေးပြန်လာနိုင်ပြီး စာချုပ်သက်တမ်းအားညှိနှိုင်းပေးမည်ဟု အလုပ်ရှင်ကကမ်းလှမ်းထားသော်လည်း ၎င်းအနေဖြင့်အစ္စရေးသို့ပြန်သွားရန်ဆန္ဒမရှိတော့ဟုဆိုခဲ့သည်။

“တကယ်လို့ကျွန်တော်နောက်တစ်ကြိမ်ပြည်ပထွက်အလုပ်လုပ်ရမယ်ဆိုရင်တောင် တခြားနိုင်ငံကိုပဲရွေးတော့မှာပါ၊အစ္စရေးကိုတော့လုံးဝမသွားတော့ပါဘူး၊ ကျွန်တော့်အတွက် ဓ-ါးစာခံဘဝ ရက် ၅၀ က တစ်သက်တာနောင်ကြဉ်စရာပါပဲ” ဟုလည်း၎င်းကဆိုခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here