တောင်ကိုရီးယားမှာ အမေရိကန် F-16 တိုက်လေယာဉ်တစ်စင်း ပျက်ကျ

0
226

တောင်ကိုရီးယားနိုင်ငံမှာ တနင်္လာနေ့ ( ဒီဇင်ဘာ ၁၁) က လေ့ကျင့်ပျံသန်းမှုလုပ်နေတဲ့ အမေရိကန်ရဲ့ F-16 တိုက် လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

အရေးပေါ် ခုန်ထွက်မှုလုပ်နိုင်ခဲ့တဲ့ လေယာဉ်မှူးကိုတော့ ကယ်ဆယ်ထားနိုင်ခဲ့တယ်လို့ ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြသွားပါတယ်။
       
“ဆိုးလ်မြို့တောင်ဘက် ၁၇၈ ကီလိုမီတာအကွာမှာရှိတဲ့ ဂန်ဆန်လေတပ်စခန်းကနေ ပျံတက်အပြီးမှာ ဂျက်လေယာဉ် ရေပြင်ကို ပျက်ကျသွားတာပါ” လို့ ပင်လယ်ဝါ ရေပြင်ကို ရည်ညွန်းကာ သတင်းမှာ ဖော်ပြခဲ့ပါတယ်။

လေယာဉ်မှူးကတော့ ခုန်ထွက်နိုင်ခဲ့ပြီး ကယ်ဆယ်ထားပြီးဖြစ်တယ်လို့လည်း ယွန်ဟပ်က ဆိုပါတယ်။
         
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။ အမေရိကန်စစ်သားတွေကို ကြီးကြပ်ရတဲ့ ကိုရီးယားဆိုင်ရာ အမေရိကန်တပ်ဖွဲ့ကတော့ လတ်တလောမှာ သတင်းကို အတည်ပြုလို့ မရနိုင်သေးဘူးလို့ ဆိုခဲ့ပါတယ်။
      
လွန်ခဲ့တဲ့ မေလအတွင်းကလည်း အမေရိကန်ရဲ့ F-16 တိုက် လေယာဉ်တစ်စင်း ဆိုးလ်မြို့တောင်ဘက်က စိုက်ပျိုးမြေတစ်ခုမှာ ပျက်ကျမှုဖြစ်ခဲ့ပြီး အဲဒီဖြစ်စဉ်မှာလည်း လေယာဉ်မှူး ခုန်ထွက်လွတ်မြောက်ခဲ့သလို အခြား ထိခိုက်‌ေ-သဆုံးမှုမျိုး မရှိခဲ့ပါဘူး။
               
ဆိုးလ်ရဲ့ လုံခြုံရေးဆိုင်ရာ အဓိကမဟာမိတ်ဖြစ်တဲ့ ဝါရှင်တန်ဟာ နျူလက်နက်ပိုင် မြောက်ကိုရီးယားရန်မှ ကာကွယ်ဖို့ရာအတွက် တောင်ကိုရီးယားမှာ တပ်ဖွဲ့ဝင် ၂၈၅၀၀ ခန့်ချထားကြောင်း သိရပါတယ်။
        
မကြာခင်က ဂျပန်နိုင်ငံမှာ အမေရိကန်လေတပ်သား ၈ ဦး ‌ေ-သဆုံးခဲ့ရတဲ့ V-22 အော့စ်ပရေးလေယာဉ် ပျက်ကျမှုဖြစ်ခဲ့ပြီးနောက် ယင်းလေယာဉ်တွေကို ပျံသန်းမှု ရပ်နားလိုက်ကြောင်း အမေရိကန်စစ်တပ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာထားခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here