မြန်မာပြည်မြောက်ပိုင်းငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြောင်းနဲ့ အပြုသဘောရလာဒ် ထွက်ပေါ်ခဲ့ကြောင်း တရုတ်ပြော

0
1057

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ခဲ့ကာ အပြုသဘောဆောင်တဲ့ ရလာဒ်တွေ ထွက်ပေါ်ခဲ့တယ်လို့ တရုတ်နိုင်ငံက တနင်္လာနေ့(ဒီဇင်ဘာ ၁၁) မှာ ထုတ်ဖော်ပြောဆိုကြောင်း CNA သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။
          
ထို အပြုသဘောဆောင်တဲ့ ရလာဒ်တွေ ထွက်ပေါ်ခဲ့မှုအတွက် တရုတ်နိုင်ငံက ဝမ်းသာပျော်ရွှင်ရတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ မော်နင်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။
         
တရုတ်အစိုးရ အနေနဲ့ ပဋိပက္ခအဆုံးသတ်သည်အထိ ဆက်လက် ထောက်ခံပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းက အခြေအနေတွေ ပြေလျော့သွားခြင်းအားဖြင့် မြန်မာရှိ အဖွဲ့အစည်းအသီးသီးရဲ့ အကျိုးစီးပွားတွေကို ဖော်ဆောင်နိုင်ပြီး တရုတ် – မြန်မာ နယ်စပ်တလျှောက် အေးဆေးငြိမ်သက်မှုနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်မယ်လို့ မိမိတို့အနေနဲ့ ယုံကြည်ပါကြောင်းလည်း မော်က ပြောဆိုခဲ့ပါတယ်။
       
ယခုသတင်းနဲ့ ပတ်သက်ပြီး နစက ပြောရေးဆိုခွင့် ရှိသူထံက မှတ်ချက်ရဖို့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူးလို့ ဆိုပါတယ်။
        
မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မှာ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နဲ့ တပ်မတော်အကြား တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here