ပုဂံခေတ်လက်ရာများရှိသည့် မကွေးမြို့နယ် ကျွန်းတောကျေးရွာကို ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဒေသအဖြစ် စီစဉ်နေ

0
284

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကျွန်းတောကျေးရွာကို ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဒေသအဖြစ် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျွန်းတောကျေးရွာကို ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းအဖြစ် အကောင် အထည်ဖော်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ရာ လက်ရှိတွင် ကျေးရွာလူထုကို ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ ပို့ချပေးလျက်ရှိပြီး စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများကိုလည်း ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

“မကွေးတိုင်း ဒေသကြီးအတွင်းမှာ ကျွန်းတောကျေးရွာကတော့ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဒေသဖြစ်လာဖို့ ဆောင်ရွက်နေပါတယ်။ ကျေးရွာအခြေပြု ခရီးသွားလုပ် ငန်းရဲ့ သဘောသဘာဝကလည်း ကျေးရွာလူထုကိုယ်တိုင် စိတ်ပါဝင်စားပြီး ဆောင်ရွက်မှသာ အောင်မြင်မှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားလာအောင် တွန်းအားပေး ဆောင်ရွက်နေပါတယ်”ဟု ညွှန်ကြားရေးမှူး ဦးဇော်လွင်ထက်က ပြောသည်။

နောက်တဆင့်အနေဖြင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတို့မှ ခွင့်ပြုချက်များ ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီမှာကတော့ မပြိုမပျက်သေးတာ (၂၆) ဆူကို လေ့လာဖူး မြော်နိုင်မှာ ဖြစ်ပါတယ်။ ပြိုပျက်သွားတဲ့ စေတီပုထိုးတွေလည်း တော်တော်များများရှိပါတယ်။ ဖောင်တော်ဦးဘုရားမှာတော့ ပုဂံခေတ်လက်ရာ နံရံဆေးရေးပန်းချီတွေ လေ့လာနိုင်မယ်။ ပုဂံဘုရားပုထိုးစေတီတွေလို ကြောင်လိမ်လှေကားတွေ လေ့လာနိုင်မယ်။ ရွှေစည်းခုံမှာတော့ အတွင်းမှာ လိုဏ်တွေ အများအပြားရှိတယ်”ဟု ဦးဇော်လွင်ထက်က ဆက်ပြောသည်။

ကျွန်းတောကျေးရွာသည် မကွေးမြို့နယ် တောင်ခွံကျေးရွာ အုပ်စုအတွင်း ပါဝင်ကာ မကွေးမြို့မှ မိုင် (၃၀) ကျော်ကွာ ဝေးပြီး ဧရာဝတီမြစ်အတွင်း၌ ကျွန်းအဖြစ် တည်ရှိသည့်ကျေး ရွာတစ်ရွာလည်းဖြစ်ကာ အိမ်ခြေ (၁၀၀)ကျော်သာ ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် ပုဂံခေတ်လက်ရာ ရှေးဟောင်းစေတီ ပုထိုးများကို ဖူးမျှော်လေ့လာနိုင်မည်ဖြစ်ကာ ပုဂံခေတ်လ က်ရာ နံရံဆေးရေးပန်းချီများကိုလည်း လေ့လာနိုင်မည်ဖြစ် ကြောင်း သိရသည်။

အလည်အပတ်လာရောက်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် ကျွန်းပတ်လည် သဲသောင်ပြင်များတွင် အနားယူ အပန်းဖြေနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here