စင်ကာပူရောက် မြန်မာနိုင်ငံသားများ ဝင်ငွေခွန်ပေးဆောင်ရန် သံရုံးအသိပေး

0
239

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်မှစတင်၍ ဝင်ငွေခွန်များပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ စင်ကာပူမြို့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ပြည်ပနေ မြန်မာနိုင်ငံသားများ၏ ပြည်ပတွင်ရရှိသည့် လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁) ရက်မှစ၍ ဝင်ငွေခွန်များပေးဆောင်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၂၂.၁၁.၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၂၃ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလမှ လာရောက်ဆောင်ရွက်သည့်ကာလအထိ ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ မြန်မာသံရုံး၊ စင်ကာပူမြို့တွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အခွန်များကောက်ခံမည့် လစဉ်နှုန်းထားများအား နေထိုင်ခွင့် အမျိုးအစားများပေါ် မူတည်၍ သတ်မှတ်နှုန်းထားအပေါ် ၂ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

သို့သော် Student pass ကိုင်ဆောင်ထားသူများအနေဖြင့် လက်ရှိကျောင်းတတ်ရောက်နေသည့် ကျောင်းထောက်ခံစာများတင်ပြလျက် ဝင်ငွေခွန်ပေးဆောင်ခြင်း ကင်းလွတ်ခွင့်ရရှိမည် ဖြစ်သည်။

အလားတူ အခွန်ထမ်းဆောင်သူများ၏ ဇနီး/ခင်ပွန်း(သို့မဟု တ်) မိဘ (သို့မဟုတ်) သား/သမီးများအား အိမ်ထောင်စုစာရင်း၊မွေးစာရင်း၊ လက်ထက်စာချုပ်များတင်ပြနိုင်ပါက မှီခိုသူအဖြစ် သက်တမ်းတိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်မည့်သူများအနေဖြင့် စင်ကာပူမြို့/မြန်မာသံရုံး၌ လစာဝင်ငွေအပေါ် ဝင်ငွေခွန်များ ထမ်းဆောင်ပြီးကြောင်း/မှီခို/ကျောင်းသားထောက်ခံစာ လာရောက်ယူဆောင်သွားရန် လိုအပ်သွားမည်ဖြစ်ကြောင်း သံရုံမှအသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here