တောင်တရုတ်ပင်လယ်ရှိအန္တရာယ်များသည့်အပြုအမူများအားရပ်တန့်ရန် ပေကျင်းကို ဝါရှင်တန်တောင်းဆို

0
214

ဝါရှင်တန်၊ဒီဇင်ဘာ ၁၁

အငြင်းပွားနေသောတောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်သင်္ဘောနှင့် တရုတ်ကမ်းရိုးတန်းစောင့်သင်္ဘောတို့တိုက်မိပြီးနောက် ပေကျင်းအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်းလုပ်ဆောင်နေသည့် မတည်ငြိမ်မှုနှင့် အန္တရာယ်ရှိသည့်လုပ်ရပ်များအားရပ်တန့်ရန် ဝါရှင်တန်ကပေကျင်းအားပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ကဖြစ်ပေါ်ခဲ့သော ဖိလစ်ပိုင်သင်္ဘောနှင့်တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတို့တိုက်မိပြီးနောက် နှစ်ဖက်စလုံးက အဆိုပါကိစ္စအတွက် အပြန်အလှန်အပြစ်ဖို့ခဲ့ကြသည်။

အဆိုပါမတော်တဆမှုဖြစ်ပေါ်သည့်နေ့မတိုင်မီကလည်း အခြားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့သေးကာ ယင်းနေ့နှစ်ရက်လုံး၌ တရုတ်က ရေအမြှောက်များနှင့်မဆင်မခြင်ပစ်ခတ်မှုများကြောင့် ဖိလစ်ပိုင်သင်္ဘောများအားထိခိုက်ပျက်စီးစေခဲ့ပြီး ဖိလစ်ပိုင်သင်္ဘောသားများ၏ လုံခြုံရေးကိုပါထိခိုက်ပျက်စီးစေသည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ မက်သရူးမီလာကပြောကြားခဲ့သည်။

ပေကျင်းသည်နှစ်စဉ်ကုန်သွယ်ရေး မှ ရသော ဝင်ငွေ ထရီလျံချီရရှိသည့် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို တရုတ်က၎င်း၏ပိုင်နက်အဖြစ်အခိုင်အမာပြောဆိုထားပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝေဖန်မှုများကိုပါလျစ်လျူရှုထားခဲ့သည်။

Source : အေအက်ဖ်ပီ/ဒဗလျူကေ(ကေဂျီ)


LEAVE A REPLY

Please enter your comment!
Please enter your name here