၂၀၂၄ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထောက်ပံ့ရန် ကန်ဒေါ်လာ ၄၆ ဘီလျံအားကုလတောင်းဆို

0
193

ဂျီနီဗာ၊ဒီဇင်ဘာ ၁၁

ကမ္ဘာ့ကုလသမဂ္ဂသည် ၂၀၂၄ ခုနှစ် တစ်နှစ်တာလုံးအတွက် တစ်ကမ္ဘာလုံးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်နေသည့်နေရာများအား ထောက်ပံ့ပေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၄၆ ဘီလျံ ကို တောင်းခံထားကြောင်းသိရသည်။ ယင်းသို့ထောက်ပံ့ရမည့်နေရာများတွင် သိမ်းပိုက်ခံပါလက်စတိုင်းဒေသများ၊ဆူဒန်နှင့်ယူကရိန်းတို့လည်းပါဝင်သည်ဟုဆိုသည်။

၂၀၂၄ ခုနှစ်တစ်နှစ်လုံးအတွက် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူညီများကို သုံးသပ်ချက်တွင် ပဋိပက္ခများ၊ရာသီဥတုအရေးပေါ်အခြေအနေများနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကြောင့် လာမည့်နှစ်တွင် လူသန်း ၃၀၀ နီးပါးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်မည်ဖြစ်ကြောင်း ကုလလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးကပြောကြားခဲ့သည်။

ယင်းသို့လိုအပ်သူများတွင် ကမ္ဘာ့အရှေ့ဖက်နှင့်တောင်အာဖရိကဒေသများမှ လူပေါင်း ၇၄ ဒသမ ၁ သန်းပါဝင်မည်ဖြစ်ပြီး ၎င်းတို့အနက်အများစုသည် ဆူဒန်ရှိအကျပ်အတည်းဒဏ်အားခံစားနေကြရခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ယင်းနောက်အရှေ့အလယ်ပိုင်း၊ဂါဇာနှင့်အနောက်ကမ်းခြေဒေသတို့သည်လည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများအား အရေးတကြီးလိုအပ်သည့်နေရာများဖြစ်လာနိုင်သည် ၊ ယူကရိန်းသည်လည်း မေ့ထား၍မရသော နေရာတစ်ခုဖြစ်ကာ ယခုထက်ပိုအာရုံစိုက်ပေးရန်လိုအပ်ကြောင်းကိုပါပြောကြားခဲ့သည်။

Source : ရိုက်တာ/အယ်လ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here