ပြည်တွင်း အထည်ချုပ်စက်ရုံများအတွက် ပြည်ပမှ အထည်လိပ်ကုန်ကြမ်း ကန်ဒေါ်လာ တစ်ဘီလီယံကျော် တင်သွင်းထားရှိဟု ဆို

0
371

ယခုနှစ်အတွင်း ပြည်တွင်းအထည်ချုပ်စက်ရုံများသို့ အထည်လိပ်ကုန်ကြမ်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် တင်သွင်းထားရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်းသို့ အထည်လိပ်ကုန်ကြမ်းများတင်သွင်းရာ၌ တရုတ်နိုင်ငံမှ (၉၀) ရာခိုင်နှုန်းကျော် တင်သွင်းနေခြင်းဖြစ်ပြီး၊ ယင်း အထည်လိပ်ကုန်ကြမ်းများကို လုပ်ငန်းအပ်နှံထားသည့် ပြည်ပနိုင်ငံများက တရုတ်နိုင်ငံ ဈေးကွက်မှတစ်ဆင့် အဓိကတင်သွင်းလျက် ရှိသည်ဟုဆိုသည်။

၂၀၂၂ –၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း အထည်ချုပ်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၃ ဘီလီယံခန့် တင်ပို့နိုင်ခဲ့ပြီး၊ ချုပ်ပြီးအထည်များကို နိုင်ငံပေါင်း (၁၀၀) သို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်း၌ CMP စနစ်ဖြင့် ချုပ်သည့် အထည်များကို နိုင်ငံပေါင်း (၈၀) ကျော်သို့ အဓိကထားတင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်တွင်း ချုပ်ထည်များအဓိကတင်ပို့သည့် ဈေးကွက်ရရှိသော နိုင်ငံများမှာ ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here