နိုင်ငံတစ်ဝှမ်းရှိ မြစ်ရေများ ပေဝက်မှ တစ်ပေခွဲခန့်အထိ ဆက်လက်ကျဆင်းမည်

0
200

နိုင်ငံတစ်ဝှမ်းရှိ မြစ်ရေများ ပေဝက်မှ တစ်ပေခွဲခန့်အထိ ဆက်လက်ကျဆင်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။

အဆိုပါ မြစ်ရေကျဆင်းမှုသည် ယခုလ ဒီဇင်ဘာ ဒုတိယအပတ် (၁၀)ရက်အတွင်း ကျဆင်းမည့်အခြေအနေတစ်ရပ်ကို အသိပေးထားခြင်းဖြစ်သည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ တစ်ပေခွဲခန့်ကျဆင်း‌နိုင်ကြောင်း အသိပေးထားသည်။

ထို့အပြင် ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ်းမလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ကလေးဝ ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် ပေဝက်မှ တစ်ပေခန့်အထိ ကျဆင်းနိုင်သည်ဟုဆိုသည်။

အလားတူ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် တစ်ပေခွဲခန့်၊ ဒုဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင်ပေဝက်မှ တစ်ပေခွဲခန့်အထိ ကျဆင်းနိုင်ကြောင်း အသိပေးထားသည်။

အခြားမြစ်များဖြစ်သော စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ် ၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်ရေတို့သည်လည်း ယင်းမြို့များ၏ လက်ရှိရေမှတ်၏ ပေဝက်မှ တစ်ပေခွဲခန့်အထိ အသီးသီးကျဆင်းနိုင်ကြောင်း မိုးဇလက အသိပေးထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here