ကျိုက်လတ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးရှဉ့်ပိဿာချိန် ၆၅၀၀၀ တင်ပို့ရောင်းချ
ရန်ကုန်မှတဆင့် တရုတ်နှင့်ထိုင်းသို့ပို့

0
195

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလက ငါးရှဉ့်ပိဿာချိန် ၆၅,၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့ရှိ ငါးရှဉ့်ရောင်းဝယ်ရေးပွဲရုံများမှ သိရသည်။

ကျိုက်လတ်မြို့မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလက ငါးရှဉ့်ပိဿာချိန် ၄၅,၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလတွင် ပိဿာချိန် ၂၀,၀၀၀ ထပ်မံတိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း ငါးရှဉ့်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောသည်။

“လက်ရှိ ငါးရှဉ့်တစ်ပိဿာကို ဈေးနှုန်းအနေနဲ့ ငွေကျပ် ၉,၇၀၀ ဈေးပေါက်နေပါတယ်”ဟု သူမက ဆိုသည်။

ကျိုက်လတ်မြို့နယ်မှ ထွက်ရှိသည့် ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိပြီး ထိုမှတဆင့် ပြည်ပဈေးကွက်များဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ငါးရှဉ့်အရောင်းအဝယ် ကောင်းမွန်သဖြင့် ကုန်တန်ကုန်ချလုပ်သားများ၊ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များ၊ ငါးရှဉ့်ရှာဖွေဖမ်းဆီးသူများ အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here