မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ကုလသမဂ္ဂမှ ကူညီပေးသွားမည်

0
180

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် တတ်နိုင်သမျှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishman က ပြောသည်။

နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် ဒီဇင်ဘာ (၁၁) ရက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishman တို့ တွေ့ဆုံခဲ့ကြစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံမှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများတွင် ကုလသမဂ္ဂအနေဖြင့် တတ်နိုင်သမျှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ဆက်လက် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံအခြေစိုက် UNFPA အာရှ – ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးမှ မကြာမှီ ကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေသည့် ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့ကြောင်းလည်း သိရသည်။

ထို့အတူ ယခင်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် UNFPA တို့အကြား လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်း ထည့်သွင်းပြောဆိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here