ကရင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ၄,၀၀၀ ကျော်အား စားနပ် ရိက္ခာများ ထောက်ပံ့လှူဒါန်း

0
210

ကရင်ပြည်နယ် မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့က ဦးဆောင်၍ ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ (၄,၀၀၀)ကျော်အား စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ယင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

ယင်းသို့ ထောက်ပံ့လှူဒါန်းရာတွင် ယနေ့ ဒီဇင်ဘာ (၁၂)ရက်နေ့၌ ကော့ကရိတ်မြို့နယ် အင်းကြီးတောရ ဘုန်းတော်ကြီးကျောင်းရှိ စစ်ရှောင်ပြည်သူ (၁,၀၀၀) အတွက် သွားရောက်လှူဒါန်းခဲ့ကြသည်။

အလားတူ ဒီဇင်ဘာ (၁၀)နှင့် (၁၁)ရက်တို့တွင် ထီးဖိုးစံကျေးရွာနှင့် သာမညတောင်ခြေရှိ စစ်ရှောင်ပြည်သူ(၃,၀၀၀)တို့အတွက် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

” ဒီနေ့ကော့ကရိတ်ဘက် စစ်ရှောင်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းတာပါ။ ကော့ကရိတ်ဘက်က စစ်ရှောင်က ပြန့်ကျဲနေလို့ ဘုန်းကြီးကျောင်းကနေ နီးစပ်ရာကိုခေါ်ပေးခဲ့ကြပါတယ်။ ငါးရာနီးပါးလောက်လာကြတယ်။ သာမညဘက်ကတော့ စစ်ရှောင်စခန်း နှစ်ခုဖွင့်ထားပါတယ်။”ဟု ပြန်ကြားရေးတာဝန်ခံ ဦးအောင်မြင့်က ပေါ်ပြူလာနယူးစ် ကို ပြောသည်။

စစ်ရှောင်စခန်းများရှိ ပြည်သူများကို အသီးအနှံ၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် ဆန်၊ သောက်သုံးရေ နှင့် အဝတ်ထည်များအား အလှူရှင်များကိုယ်စားသွားရောက်လှူဒါန်းပေးခဲ‌ခြင်းဖြစ်သည်။

ထောက်ပံ့လှူဒါန်းရာတွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ် အဖွဲ့ခွဲများဖြစ်သော နောင်လုံဖေးမတွဲကူစိတ်ထားဖြူအသင်း ၊ မိခင်မေတ္တာဖအွံအသင်း ၊ ခြံကလေးအသင်း ၊ အာယုပါလကော့တာအသင်း ၊ ပေါ့ထော် မိဘမေတ္တာအသင်း ၊ ကစို လူမှုကယ်ဆယ်ရေး အသင်း တို့မှ ပါဝင်ကူညီခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here