အင်းစိန်မြို့နယ်တွင် ထိုးသွင်းဒဏ်ရာများဖြင့်‌ေ-သဆုံးနေသည့် အသက် (၆၀) အရွယ် အမျိုးသားတစ်ဦး၏ အလေ-ာင်းတွေ့ရှိ

0
299

ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြိုကုန်း အရှေ့ရပ်ကွက်၊ အင်းစိန် လမ်းမကြီးပေါ် ရေမြောင်းစပ်တွင် အမျိုးသား တစ်ဦး ‌ေ-သဆုံးနေကြောင်း ပြည်သူများမှ ယနေ့ ဒီဇင်ဘာ (၁၂) ရက် နံနက် (၉) နာရီ (၄၅) မိနစ်တွင် ဆက်သွယ် အကြောင်းကြားလာသည့်အတွက် တွဲလက်လူမှုကူညီရေးအဖွဲ့မှ လိုအပ်သည်များဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

“ ထိုးသွင်း ဒဏ်ရာ စုစုပေါင်း ၁၀ ချက်လောက်ရှိမယ်၊ မနေ့ညလောက်တည်းက ဖြစ်တာလို့ခန့်မှန်းရတယ်၊ ဒီမနက်မှ အကြောင်းကြားလာလို့ သိရတာပါ၊ မိသားစုနဲ့အဆက်အသွယ်ရဖို့စုံစမ်းနေဆဲပါ” ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

‌ေ-သဆုံးသူ၏ အမည်မှာ ဦးသက်နိုင် အသက်(၆၀) နှစ်ဟု သိရပြီး ပြင်ပဒဏ်ရာ ဘယ်နားရွက်ပြ-တ်ရှ ဘယ်နံ ထိုးသွင်းဒဏ်ရာ (၄)ချက်၊ ညာနံ ထိုးသွင်းဒဏ်ရာ (၁) ချက် လည်ပင်း (၃)ချက်၊ ဦးခေါင်းကွဲ (၁)ချက် နှင့် ဘယ်ပေါင်ထိုးသွင်း (၁)ချက် ဒဏ်ရာများတွေ့ရှိရကာ ရုပ်အလေ-ာင်းအား PR နံပါတ် 023 Coad ဖြင့် အင်းစိန်ဆေးရုံ ရင်ခွဲရုံသို့ စနစ်တကျ ထုတ်ပိုးပို့ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – တွဲလက်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here