၂ဝ၁၇ နှစ်ဦးပိုင်းမှာ သာသနာ့ဘောင် ဝင်ဦးမယ့် ဟစ်ဟော့ပ် အဆိုတော် X.Box

0
267

x-box

ဆံပင်အရှည်၊ ဘီးကုပ်၊ အင်္ကျီအဖြူ စတစ်ကော်လာ၊ ပုဆိုးနဲ့ စတိုင်အသစ်နဲ့ပွဲထုတ်လာတဲ့ X.Box က Ve Ve 20th Anniversary တေးစီးရီး မိတ်ဆက်ပွဲကို တက်ရောက်လာခဲ့ပါတယ်။ ဆံပင်တော်တော် ရှည်လာပြီ X.Box ၊ ထပ်ပြီးအရှည်ကြီးထားဦးမှာလားလို့ဆိုတော့..

” ဆံပင်ရှည်ထားတယ်ဆိုတာကလည်း တစ်ခါမှမထားဖူးလို့ အမြင်အဆန်းတစ်ခုအနေနဲ့ ထားတာပါ။ ဒါပေမဲ့လည်း ၂ဝ၁၇ ခုနှစ် နှစ်ဆန်းကျရင် ကျွန်တော်က ဘုန်းကြီးဝတ်မှာဖြစ်တဲ့အတွက် ခေါင်းတုံးအနေနဲ့ ပြန်မြင်ရမှာပါ” လို့ X.Box ကပြောပါတယ်။ မနှစ်တုန်းကလည်း တစ်ခါဘုန်းကြီးဝတ် ဖြစ်သေးတယ်နော်လို့ဆိုတော့..

” ဇန်နဝါရီလလောက်မှာ ကျွန်တော်ပြန်ဝတ်ဖြစ်ဖို့များပါတယ်။ ဘုန်းကြီးတစ်ပတ်လောက်ဝတ်ပြီးတော့မှ ကျွန်တော် အနုပညာအလုပ် တွေ ပြန်လုပ်မှာပါ။ ကျွန်တော် စဉ်းစားထားတာကတော့ တစ်နှစ်လုံးဆံပင်ရှည်ထားလိုက်၊ နှစ်စမှာသင်္ကန်းဝတ်လိုက်၊ အဲဒီလိုပဲလုပ် သွားဖို့ရှိ ပါတယ်။ ကျွန်တော်ဝတ်နေကျ သာမညမှာပဲ ဝတ်ဖြစ်မှာပါ” လို့ X.Box ဆက်လက်ပြောပါတယ်။ Ve Ve နဲ့ စာချုပ်ချုပ်လိုက်တာ သိပ်မကြာသေးတဲ့ X.Box အနေနဲ့ Ve Ve Anniversary အခွေထဲမှာ မပါဖြစ်ပေမယ့် သီချင်းသစ်တစ်ပုဒ်ထွက်လာဖို့ရှိကြောင်းလည်း X.Box က အခုလို ဆက်လက်ပြောပါတယ်။

” ကျွန်တော့်သီချင်းအသစ်တစ်ပုဒ်ကို Ve Ve ကနေ ရိုက်ကူးပေးဖို့ ရှိပါတယ်။ Ve Ve နဲ့ Media 7 ပေါင်းပြီးတော့ပေါ့။ အဲဒါ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလမှာ ထွက်နိုင်ဖို့ ကျွန်တော်တို့လုပ်သွားပါမယ်။ အွန်လိုင်းမှာ သီချင်းတစ်ပုဒ်တည်းကို Music Video အနေနဲ့တင်မှာပါ” လို့ X.Box ကပြောပြခဲ့ပါတယ်။ Ve Ve ရဲ့ Brand Ambassador သစ် X.Box အနေနဲ့ Ve Ve နဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုလိုက်ခြင်း ဖြစ်ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here