ရှမ်းမြောက်ဒေသရှိ ယာယီတိုက်ပွဲရှောင် ကလေးငယ်များပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်နေကြောင်း နစက ပြောရေးဆိုခွင့်ရှိသူပြော

0
182

ယနေ့ ဒီဇင်ဘာ (၁၂) ရက် ညပိုင်းတွင် ထုတ်ပြန်သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၏ ပုံမှန်သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

” ယာယီတိုက်ပွဲရှောင် မိသားစုတွေရဲ့ ကလေးသူငယ်များ ပညာသင်ကြားရေးအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ အဓိကထားဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် ၎င်းတို့၏ ကျန်းမာရေးအတွက်လည်း အဓိကထား ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ပြောသည်။

ထို့အပြင် မငြိမ်သက်သည့် ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရအနေဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည်ဟုလည်း ထည့်သွင်း ပြောကြားသွားသည်။

ရှမ်းမြောက်တိုက်ပွဲများကြောင့် လားရှိုးမြို့ အနီးတဝိုက် မြို့များနှင့် ကျေးရွာအချို့မှ ဒေသခံပြည်သူ ထောင်နှင့်ချီကာ လားရှိုးမြို့တွင် ယာယီ စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင် ပြည်သူများအား ဒီဇင်ဘာ (၁၀) ရက်က နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးတို့ သွားရောက်တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် စစ်ဘေးရှောင် ပြည်သူများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀၀၀ နှင့် အဝတ်အထည်များ၊ စားသောက်စရာများ ပေးအပ်ထောက်ပံ့ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here